ရင်ခုန်သံရှင်းတမ်း
ပုံပြင်ဟောင်း
တစ်ပုဒ်လို
ပျင်းပျင်းရှရှ
လေးခံစားကြည့်လိုက်ပါလား
နှလုံးသားတစ်စုံ
ခုန်ပေါက်ကခုန်ရင်း
မင်းရဲ့
ရင်ခွင်ငယ်လေးထဲ ၀င်လာလေရဲ့
ချယ်သလိမ်းချယ်မူမရှိတဲ့
နှလုံးသားလေးက
အဖြူရောင်သက်သက်ပါကွယ်.........
ငါဆီမှာ
ဂုဏ်ဓနမရှိပေမဲ့
လှပတဲ့နှလုံးသား
တစ်ခုရှိခဲ့တယ်.
နှိုင်းယှဉ်ချက်ဆိုတာ
ညီမျှခြင်းနှစ်ခု ကြားက
အဖြေတစ်ခု
ဖြစ်ခဲ့မယ်ဆိုရင်
မင်းနဲ့ငါက
ညီမျှခြင်းမချနိုင်တဲ့
ပုဒ်စာ
တစ်ပုဒ်နဲ့ တူညီခဲ့တယ်.
အဖြေမထွက်နိုင်တဲ့ပုဒ်စာ
မင်းနဲ့ငါကြား
လေသလပ်ခံရတဲ့
ခေါင်းနဲ့
ပန်းလို့အဖြစ်မျိုးပါပဲ
မင်းကလည်း
ဥင်္ီးနှောက်ကိုဥင်္ီးစားပေးသူမို့
ငါဆီကို
ဘယ်တော့မှပြန်လာမှာမဟုတ်သလို
ငါကလည်း
အချစ်ကိုကွယ်ကိုးတတ်သူမို့
မဆုံနိုင်တဲ့
မျဉ်းပြိုင်နှစ်ကြောင်းလို့
ဆုံမှတ်
ဆိုတာ မရှိနိုင်ခဲ့ဘူးလေ..
မင်းအတွက်
စကားလက်ဆောင်
တစ်ခု
ပါးလိုက်ပါရစေ....
ဦးနှောက်တံခါးးကိုပဲဖွင့်ထားတတ်တဲ့
မင်းဆီမှာ
စာနာတတ်တဲ့ နှလုံးသားဆိုတာ
မရှိခဲ့ဘူးးး
တံခါးဆိုတာခေါက်ရင်
ဝင်နိုင်ဖို့ ရင်ခုန်သံ
သော့တံတစ်ချောင်းလိုတယ်ဆိုတာတော့
မင်းတစ်ယောက်
သိနိုင်ပါစေ..
မင်းပြောခဲ့ဘူးတဲ့စကား
နားထဲခါးအောင်
ကြားခဲ့ဘူးတယ်
လှပတဲ့မိန်းကလေးတစ်ယောက်မှာ
သိပ်လှပတဲ့
မာယာတွေရှိတယ်တဲ့.
အချစ်ဆိုတာ
အပေးအယူသဘောပဲတဲ့..
ငါပြောချင်တဲ့အချစ်ဆိုတာ..
အပေးအယူ
ဆိုတာ မရှိတဲ့
အဖြူရောက်သက်သက်ပါပဲကွယ်
အချစ်မှာ
ဟန်ဆောင်မူမရှိဘူး
အချစ်မှာ
အဆင့်အတန်းဆိုတာမရှိဘူး
အချစ်မှာ
အရောင်မရှိဘူးးး
အချစ်ဆိုတာ
ညီမျှခြင်းရဲ့
တစ်ဖက်တစ်ချက်က
အပေါင်းအနုတ်
ဂဏာန်းတစ်ခု
မဖြစ်ခဲ့ရင်
သိပ်ကောင်းမှာပဲကွယ်............
ချစ်တဲ့သူတိုင်း
ပြုံးပျော်နိုင်ကြပါစေ...........
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment