Friday, June 7, 2013

လေနှင်တူသော အချစ်..

    လေနှင်တူသော အချစ်..
ရက်စက်တာလား မဟုတ်ပါဘူး
သိမ်ငယ်နေတဲ့မင်းရဲ့စိတ်ကို
အရောင်တင်ပေးနေတာပါ.........
သိပ်ချစ်တတ်သလား
အဲအချစ်ဆိုတဲ့အရာက
မင်းကိုနာကျင်အောင်လုပ်ပေးလိမ့်မယ်....
ဘယ်သူပြောတာလဲ........
ငါလဲ မပြောဘူး
မင်းလဲမပြောဘူး
နှလုံးဒေါင့်စွန့်တစ်နေရာက
ပြောနေတာပါ..
ငိုကြွေးခြင်းနဲ့စပြီး
ငိုကြွေးခြင်းနဲ့ဆုံးတာ
လောကရဲ့ သမရိုးကျ
ဖြစ်စဉ်တစ်ခုဖြစ်ခဲ့မယ်ဆိုရင်.
မင်းပြောခဲ့ဘူးတဲ့........
တစ်ထောင့်တစ်ညပုံပြင်ဟောင်းကိုတော့
အပြုံးပွင့်နဲ့ နားစဉ်ချင်ခဲ့တယ်**
တပ်မက်မူရဲ့ နောက်ကွယ်က
ရလဒ်တစ်ခုဟာ အနုတ်တစ်ခု
ဖြစ်နေခဲ့မယ်ဆိုရင်တောင်!!
ကျေနပ်စွာခံယူမှာပါ..
အချစ်ဆိုတာ ချိန်ခွင်ထဲမှာထည့်ပြီး
မျှတမူကို ရှာနေတဲ့ တရားသူကြီး
မဟုတ်ပေမဲ့ .........
လေလွင့်ရာကိုမျောတတ်တဲ့
အပိုင်းအစ တစ်ခုဖြစ်ခဲ့မှန်း
ငါသိခဲ့ရမယ်ဆိုရင်...
၁၅၀၀နဲ့၅၂၈ကြားဗျာများစရာ
မရှိတော့ဘူးပေါ့ ချစ်သူ.......
အခုတော့လည်း!!!
နင်ရဲ့အချစ်တွေက
လေထဲမှာပဲပျောက်ကွယ်တတ်တဲ့
၁၅၀၀ ဖြစ်နေပါရော့လား.....
ကြိုနေကျ ဖယ်ရီကားလို့တော့
ငါရဲ့စိတ်တွေက မနူးညံ့ခဲ့ဘူး**
ရယ်စရာတောင် မရှိတဲ့
ငါ့ဘ၀မှာ ရှုစရာလေ လေးတော့ပေးသင့်တာပေါ့...
တောင်းပန်သံရှိုက်ငင်သံ တစ်ခုရဲ့အောက်မှာ
ဒူးထောက်ခဲ့ရတာလဲ ငါပါပဲ....
ခလုပ်ထိမှ အမိတတ် တာ
မင်းရဲ့အကျင့်တစ်ခုဖြစ်ခဲ့မယ်ဆိုရင်
နောက်ပြန်လှည့်ကြည့်လိုက်ပါ
ဘာမှ မရှိတော့ဘူးတဲ့.....
                                                              ကျမ်းမာရွင်းလန်းကြပါစေ

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates