သစ္စာ+ဂတိ=အချစ်
သေသပ်လှပစွာဆောက်ထားသော
ငါတို့ ရဲ့
အချစ်ကမ္ဘာလေးး
အခုများတော့
သောကတွေ
ရင်ဝယ်ပိုက်
အလွမ်းဆိုတော့
သေလောက်ပါတယ်ဆရာ......
အတ္တမုန်းတိုင်း
တစ်ခုရဲ့
နောက်ကွယ်က
လေပြေဆိုတာ
ငါတို့နှစ်ယောက်အတွက်
အလွမ်းသင့်
ပန်းချီကား
တစ်ချပ်လောက်တောင်
မက်မောဖွယ်
မရှိပါလား
ချစ်သူရာ.....
တောက်ပြောင်လှပပါတယ်ဆိုတဲ့
မင်းရဲ့
ကိုယ်ကျင့်တရားက
စုတ်ပြတ်နေတဲ့
တဲစုတ်လောက်တောင်
မခမ်းနားပါလား
ချစ်သူ.........
ပေးခဲ့တဲ့ဂတိဆိုတာ********
နောက်ပြန်ရက်စွဲတစ်ခုရဲ့
ပြသာဒါး
တစ်ခုဖြစ်နေခဲ့တယ်ဆိုတာ
နင်တစ်ယောက်မေ့လျော့နေခဲ့သလားး
ပေးသူနဲ့ယူသူ
မျှတမူဟာ
ချစ်သူနှစ်ယောက်အတွက်
နားလည်မူဆိုတဲ့
အချစ်ရဲသင်္ကတဖြစ်ခဲ့မယ်ဆိုရင်
မင်းပေးခဲ့တဲ့
ဂတိက...
အပေါစားဆန်တဲ့
သစ္စာတရားပဲပေါ့ချစ်သူ
သွားစမ်းပါဟာ.............
နင်ရဲ့
နှစ်ဆုတ် ပြက္ခဒိန်တစ်ခုက
ငါအတွက်
လွမ်းစရာမကောင်းပါဘူးး
*****Honey********
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment