ခေါင်းဆောင်အမျိုး အစားး
၁။
နောက်လိုက် လုပ်လိုသော ခေါင်းဆောင်
ငါကတော့ မင်းတို့ရဲ့ခေါင်းဆောင်ပဲ ပြသာနာဖြစ်လာရင်တော့
ခေါင်းရှောင်နေလိုက်မယ်၊ သူကတော့အဲလိုလူမျိုး။
၂။ဆရာ
လုပ်သောခေါင်းဆောင်
သူကကြည့်လိုက်ရင် သူများကို ဆရာကို လုပ်နေရမှကျေနပ်တယ် အသေးအမွှားလေးတွေက
စပြီတော့ ဆရာလုပ်ချင်တယ် အချင်းချင်း ဖေးမမှူ့ ဆိုတာ သူဆီမှာ ရှိကို မရှိ။
၃။အပြစ်ရှာတတ်
သောခေါင်းဆောင်
နေရာတကာမှာ အပြစ်ကို ရှာ ကြံပြီးမြင်တတ်တယ် တစ်ဖက်က
ကောင်းကျိုးကှိုရာနေသည့် တိုင် မင်းကတော့ ငါကို
ကျောပြီးလုပ်ချင်တာလို့လဲပြောတတ်လေရဲ.။
၎။
ကြွားဝါတတ်သော ခေါင်းဆောင်
ဒီနှစ်ထဲမှာ ငါလုပ်လိုက်လို့ ဘယ်လောက်တောင် အောင်မြင်လိုက်သလဲ
ကြည့်လိုက်ပါအုံးးး ဘယ်နေရာမှာပဲဖြစ်ဖြစ် တစ်ဦးတစ်ယောက်တည်းနဲ့
ရပ်တည်လို့ရတာ ရှိပါမလား ဒါပေမဲ့ သူကတော့ သူကြောင့်ရယ်လို့
သွေးနားထင်တက်လေရဲ့။
၅။မိသားစု
စိတ်ဓါတ်ရှိသော ခေါင်းဆောင်
ဘယ်အရာမဆို အမှားဖြစ်သွားသည့်တိုင် ဒီတစ်ခါ မအောင်မြင်ရင်
နောက်တစ်ခါလုပ်လို့ဖြစ်ပါတယ် စိတ်ထဲက
သိမ်ငယ်စိတ်တွေကိုထုတ်ပစ်လိုက်စမ်းပါ။ နွေးထွေးစွာ အပြုံးနဲ့ ကမ်းလင့်
သူရယ်လို့ အများအမြင်မှာ ထင်မြင်ပုံပေါ်ခဲ့တယ်။
၆။ငါပြောတာကို
လုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုသောခေါင်းဆောင်
သူကတော့ နောက်လိုက်ရဲ့ အကြံပေးချက်ဖြစ်စေ
၊တစ်ခြားတစ်ယောက်ရဲ့အကြံပေးချက်ဖြစ်စေ လက်ခံအသိအမှတ်ပြုခြင်းဆိုတာ
ဝေးလာဝေးး ငါလုပ်တဲ့အတိုင်းပဲလုပ်လိုက်စမ်းပါ ဘာမှပြောပိုင်ခွင့်မရှိပါ။
၇။ကွယ်ရာတွင်
အတင်းပြောတတ်သောခေါင်းဆောင်
သူကအပေါ်ယံရွှေမှူံတွေ ဖြန့်ပတ်ထားတာပေါ့ သူရဲ့ နောက်လိုက်တွေရဲ့ရှေ့မှာ
အကုန်လုံးကကောင်းသလိုသလိုနဲ့ ကွယ်ရာကြရင်းတော့ အဲလူမကောင်းကြောင်းကို
ပြောပါလိမ့်မယ်။
၈။
တန်းတူစိတ် ရှိသော ခေါင်းဆောင်
သူက
ဘယ်အရာကိုမဆို ဆရာရယ် တပည့်ရယ်ဆိုတာ မရှိ အားလုံးအပေါ်မှာ တန်းတူရှိစွာ
ဆက်ဆံနိုင်သော ပါရမီ ဓါတ်ခံရှိပြီးသား။
၉။
လုပ်ဖော်ကိုင်ဖက် ခေါင်းဆောင်။
သူကတော့ အားလုံးကို လုပ်ဖော်ကိုင်ဖက် လို့ပဲမြင်တယ် သူမှာ
ခေါင်းဆောင်ဆိုတဲ့ ၀ါဒီ သိပ်မရှိဘူးး ၀ိုင်းဝန်ပြီး အကောင်အထည်
ဖော်ပြီးညိုနှိုင်းစွာဖြင့် ဖြတ်သန်းတယ်။
၁၀။
ဟာသဥာဏ်ရှိသော ခေါင်းဆောင်
သူကျတော့ ဘာလေးပဲပြောပြော ရယ်စရာလေးတွေနဲ့ အချိန်လေးကို ကုန်ဆုံးတတ်စေတယ်
အလုပ်ခွင်မှာ စိတ်ပျော်နည်းဖြင့်ခေါင်းဆောင် ဖြစ်နေလေရဲ့ ။
မှတ်ချက်။
လေ့လာမိသမျှစာအုပ်များထဲမှ ကောင်းနိုးနိုးရာလေးတွေကို
ကောက်နုတ်တင်ပြပေးလိုက်တယ်။
ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်
ကိုယ်ရော ဘယ်လိုလူမျိုးထဲမှာ ပါမလဲဆိုတာ မသိနိင်ပါဘူးး
မှတ်သားစရာတစ်ခုက
နောက်လိုက်ကောင်းမှ ခေါင်းဆောင်ရဲ့အကောင်အထည်ဖော်မှု့အားကောင်းနိုင်မှာပါ။
မည်သူ
တစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ရေးသားခြင်းမရှိပါ။ သိစေချင်ယုံဖြင့်
သူငယ်ချင်းတို့ကို တင်ပြလိုက်ပါတယ်။
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment