Saturday, June 8, 2013

လွမ်းဆွတ် တမ်းတခြင်း

                                      လွမ်းဆွတ် တမ်းတခြင်း

    အိမ်မက် ကိုထုဆစ်
စိတ်ကူးကိုပုံဖော်ပြီး
အဟောင်းကို အသစ်ပြင်ဖို့
ကြိုးစား အားထုတ်ဖူးခဲ့ဖူးတယ်....
ရေပြင်မှာ အရုပ်ရေးသလို
ထင်ကျန်မူ့ လေးတောင် မရှိတာ
ငါကပဲညံ့ခဲ့လို့လားးး
အသစ်မြင်လို့ အချစ်ချင်တော့ရင်လည်း
ချစ်စဉ်ကပဲ လမ်းခွဲကြဖို့
အကြိမ်ကြိမ် ပြောခဲ့ဘူးတာပဲ...
ငါ့အချစ်...ငါ့မေတ္တာတွေက
ပင်လယ်သမုဒ္ဒရာလောက်
မနက်ရှိုင်းခဲ့ပေမဲ့
စမ်းရေလောက်တော့ အေးမြခဲ့ပါတယ်...
ပင့်သက် တစ်ရှိုက်ချူလိုက်တိုင်း
နင့်ရဲ့ အနမ်း တစ်ချက်ကို
သတိရမိတယ်ဆိုရင်
နင် ယုံမှာလားချစ်သူ...
တော်ဝင် ပန်းလောက်မမွေးပေမဲ့
တောပန်းလေးလောက်တော့
တင့် တယ်ခဲ့ပါတယ်...
အခုတော့လည်း နင်နဲ့ငါရဲ့
အချစ်တွေက ကမ္ဘာရဲ့ တစ်ခြမ်းဆီက
နေ နဲ့ ညလို့ပါပဲလား...
ဝေးကွာခြင်း ဆိုတဲ့ မဏ္ဏိုင်တစ်ခုဆီမှာ
ပါးပါးလျလျ ကိုဝပ်ဆင်းနေခဲ့ပြီးလားး
ဖြစ်သင့်တယ် လို့ မပြောချင်ပေမဲ့
ဖြစ်သွားခဲ့တာတော့ အမှန်တကယ်ပဲနော်
ချစ်သူ.....
နှလုံးသားရဲ့ အတိမ်အနက် ကို
တိုင်းတာ လို့များရမယ်ဆိုရင်
ငါတိုင်းတာ လိုက်ချင်ပါရဲ့..
အချစ်နဲ့ ပတ်သတ်ရင်..
ဆည်းလည်းသံ ချိုမြိန်မှု့ လောက်တော့
ငါလည်း ရချင်တာပေါ့ ချစ်သူ...
          တစ်ခြားတစ်ယောက်ရဲ့ရင်ခွင်ထဲကနေ ခပ်ပါးပါးလေး    သတိရပေးနေမယ်ဆိုရင်
                 ငါနင့်ကို မေ့မရတာ တန်ပါတယ်ဟာ.............

                               အဝေးရောက်ချစ်သူ သို့  ........                                                               

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates