ယနေ့ မှစ၍ ကျွန်မနှလုံးသားကို သော့ခတ်သိမ်းဆည်းထားလိုက်ပြီ..

ကျွန်မ ချစ်သော ချစ်သူသိစေရန်........
မကြေငြာချင်ပေမဲ့ ကြေငြာလိုက်ချင်ပြီ...
နင့် ကို ချစ်တဲ့အချစ် စာမဖွဲ့ လောက်ပေမဲ့လည်း
အရင်ကထက်တော့အချစ်လျှော့လိုက်ပြီ...
လျှောက်ခဲ့ ဘူးတဲ့လမ်းကလေးက
အထီးကျန်စွာ ငိုရင်းးး လက်ယှက်ခေါ်နေတဲ့
ကလေးလို့  မျက်ရည် မိုးတွေ ရွာနေပြန်ပြီ.....
အတိတ်ဆိုတာ အရိပ်ဖြစ်မယ်ဆိုရင်
အဲဒီအရိပ်ကို သိမ်းထုတ်ပြီး .......
အလွမ်းတွေနဲ့ အတူ သယ်ဆောင်သွားမယ်ချစ်သူ...
နင့်ကိုချစ်ခဲ့ တဲ့အချစ် နင်သေချာမြင်နိုင်ဖို့ 
မားမားမတ်မတ်ရပ်နေခဲ့ တဲ့ ဒီအနမ်းက
နင့် အတွက် လှောင်ရယ်ဖွယ်ကောင်းနေခဲ့တာ
ငါက မိုက်မဲခဲ့လို လားးးး.......
ခြေရာတွေ ထပ်ခဲ့တာတောင်
မှောင်မိုက်တဲ့ မျက်နှာပြင်မှာ
စုတ်ချက်တစ်စ ထိုးလိုက်သလို......
ပျက်စလက်ခတ် ဖြစ်သွားတဲ့
ပန်းချီကားတစ်ချက်
မညီမညာအနားသတ်တွေနဲ့ ပါလားး.........
ငါရဲ့ ၀မ်းနည်းမှု့ က နင့်အတွက် မဆီလျော်ရင်
နင့် အတွက် နှလုံးသားက အေ၇ာင်ပြယ်ပြီချစ်သူ
ကြေကွဲဖွယ်ရာကောင်းတဲ့ အနားသတ်
နစ်မြို့ ဖွယ်မကောင်းတဲ့ ဒီအနမ်း
လွမ်းတဲ့ သူ အရူးဖြစ်လိမ့်မယ်...ချစ်သူ..........
ငါရဲ့ နှလုံးသားလေး အနာတရမဖြစ်ခင်
ကောက်ကြောင်းတွေကိုမေ့ 
ဘ၀အကြောင်းတွေကို တွေးပြီး
ထာဝရသော့ခတ်လိုက်ချင်ပြီ.....
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment