Thursday, June 20, 2013

ရင်ခုန်သံထပ်တူဖြစ်ရင် ကြည်ဖြူမယ်

ရင်ခုန်သံထပ်တူဖြစ်ရင် ကြည်ဖြူမယ်


မမေ့ ပါရစေနဲ့ သက်ဆုံးတိုင်
ချစ်ပါရစေ တစ်သက်မမုန်းနိုင်
လွမ်းပါရစေတော့ ထာဝရတိုင်
မမေ့ ပါရစေနဲ့ အိမ်မက်တိုင်း
နာကျည်းပါရစေတော့ တစ်ခဏတာ
ချစ်ပါရစေတော့ တစ်ဘ၀စာ
ငိုပါရစေ တစ်ခဏတာ
ပျော်ပါရစေ တစ်သက်တာ
ချစ်သူ.........
အပြစ်မယူစွာ ချစ်တဲ့အချစ်
လစ်လျူစွာ ထားမယ်ဆိုရင်လည်း
ကျန်ရစ်သူ ငါက ကြည်ဖြူစွာကျန်ရစ်
ရင်ပူစွာ နေရမှာပါ ချစ်သူ........
ချစ်သူ..........
ဒီကမ္ဘာမှာ တစ်သက်ပြုံးတဲ့အပြုံး
နောက်သံသရာထိ ရှိနေအုံးမယ်ဆိုရင်
နင်အတွက်ဆို ရင်နာနာနဲ့ ပြုံးနေအုံးမှာပါ...
ချစ်သူ.........
တစ်ဖက်ကမ်းမှာ နေ့ 
တစ်ဖက်ကမ်းမှာ ည
နင်အတွက်ဆို နေ့ နဲ့  ညကို
ငါရဲ့ မေတ္တာ တရားနဲ့ ပေါင်း
အချစ်ကမ္ဘာ တစ်ခုတည်ဆောက်ပေးပါမယ် ချစ်သူ........
ချစ်တတ်သူတိုင်းခံစားနားလည်နိုင်ကြပါစေ.....ကျေးဇူးတင်လျက်
မေဟန်နီ

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates