ရှေ့ဆက်မှာလား ? လမ်းခွဲမှာလား ?
ချစ်သူ........
လှပတဲ့ သံစဉ်တွေချယ်မှုန်းပြီ
ကာရန်ပန်းချီတွေချယ်ကာသသလို
နင် နဲ့ ငါ့ အချစ်
သိပ်ကဗျာဆန်ခဲ့တယ်...
ဆိုပေမဲ့လည်းကွယ်..
ပဲ့ကိုင်ရှင် ရဲ့ လက်က...........
ရေရဲ့ အတိမ် အနက်ကို တိုင်းတာနိုင်သလို
အချစ်ကို ကိုင်ထားတဲ့လက်တစ်စုံမှာတော့
မေတ္တာ အတိမ်အနက်ကို သိနိုင်တယ်တဲ့..
ချစ်သူရယ်
မေတ္တာဆိုတာအရောင်လားလို့ 
့မေးတတ်တဲ့ နင်ရဲ့ အကျင့်
အချစ်ကို မီးလို့ ကစားတတ်တဲ့
နင်အတွက်တော့
ရလဒ်မကောင်းနိုင်ပါဘူးချစ်သူ
နင့်ရဲ့ ပါးစပ်ဖျား ကထွက်လာမည့်
နံပါတ်စဉ် အက္ခရာ သုံ့း မရောက်ခင်မှာပဲ
ငါ့ နှလုံးသားက လမ်းခွဲပြီြး့ပီးချစ်သူ........
အခွင့်အရေးရဲ့ လက်တစ်ကမ်းမှာ
နင့် ရဲ့ အတ္တ နင့် ရဲ့ တစ်ယူသန်စိတ်
ဆက်ရှိနေသရွေ့ တော့ နင်နဲ့ ငါ
ဇာတ်လမ်း တစ်ခန်းရပ်ပြီး ချစ်သူ......
အချစ်သစ်ကို ရှာနိုင်ပေမဲ့
အချစ်စစ်တော့ နင် မတွေ့ နိုင်ဘူး.....
မဆိုချင်ပေမဲ့ ကြေကွဲရတယ်ချစ်သူရယ်.........
ချစ်တတ်သူတိုင်းခံစားနာလည်နိုင်ကြပါစေ........
မေဟန်နီ။

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment