Wednesday, June 19, 2013

ဇွဲနှင့်အောင်ပွဲ

ဇွဲနှင့်အောင်ပွဲ
ဒီပို့ လေးကိုဖတ်မိလိုက်တဲ့အချိန်မှာဟန်နီလည်းတစ်ခုခုကိုနားလည်လိုက်မိပါတော့တယ်....လူသားတိုင်းက
ကိုဆီကိုအရင်လာတဲ့အခွင့်အရေးကိုလက်လွန်ဆုံးရှုံးလိုက်ရမှအဖိုးတန်မှန်းသိပါတော့တယ်.လူတွေကအသာစံဖို့ ပဲ
တွေးပြီးအနာခံဖို့ ကျတော့ ကြောက်တတ်ကြပါတယ်...အနာမခံရင် အောက်မှာ ပြောထားတဲ့ကုလားတက်လေးလိုအမြဲတမ်းသူများခေါက်
တာကိုအမြဲခံနေရတော့မှာပါပဲကွယ်........



တစ်ခါက ပန်းပုဆရာတစ်ယောက်ဟာ ကျွန်းတုံးတစ်တုံးအား ဘုရားဆင်းတုတစ်ဆူ ထုလုပ်တယ် ။ အဲ့ဒီအခါ ကျွန်းတုံးက ထလို့ အော်တယ် ( အမယ်လေးလေး နာလိုက်တာမခံနိုင်တော့ဘူး တော်ပါတော့) တဲ့ ထိုအခါပန်းပုဆရာက သနားပြီး သိပ်အနုစိတ် အချိန်ပေးထုစရာမလိုဘဲလွယ်လွယ်ပဲထုရတဲ့ ကုလားတက် လေး ထုပေးလိုက်တယ် ။ အဲ့ဒီနောက် ပထမ ကျွန်းတုံးနဲ့ အပင်တစ်ပင်တည်းက ဖြစ်တဲ့ အခြားတုံးတစ်ခုကိုယူပြီး ဘုရားဆင်းတု တစ်ဆူ ကိုအနုစိတ်ထပ်ထုတဲ့အခါ ဒုတိယ ကျွန်းတုံးက နာကျင်တာကိုမအော်ဘဲ ပြီးဆုံးတဲ့အထိ အောင့်ခံတယ်တဲ့။


။တစ်နေ့ တော့ ဘုန်းကြီးကျောင်းတစ်ခုမှာ လက်ရာကောင်းပြီးသိပ်သပ်ပယ်တဲ့ ဘုရားဆင်းတု ရယ် ကုလားတက်ရယ် ပြန်ဆုံရတယ် ။ ထိုအခါ ကုလားတက် က (သူငယ်ချင်း ကျွန်းတုံး...မင်းကတော့ ဘုရားဆင်းတု အဖြစ်နဲ့ ဘုရားစင်ပေါ်မှာထားပြီး ဆွမ်းတော် တွေကပ်ကြ ရေချမ်းတွေကပ် ကြ နဲ့  သိပ်ကံကောင်းတာဘဲ ငါမှာတော့ နေ့ တိုင်း တစ်တောက်တောက်နဲ့ အခေါက်ခံနေရတော့တာဘဲ မင်းလိုကံမကောင်းဘူး )လို့ ငြီးတွားသတဲ့ ။ ထိုအခါ ဒုတိယကျွန်းတုံးက (သူငယ်ချင်း...ကုလားတက် ကံကောင်းမဲ့အခွင့်အရေးကိုပန်းပုဆရာက မင်း ကိုအရင်ပေးတာပါ ဒါပေမဲ့ မင်းကငါလို နာတာကိုအောင့်မှမခံခဲ့တာ) လို့ ပြန်ပြောလိုက်သတဲ့............


မှတ်ချက် ။   ။အသိပညာများတိုးပွားကြစေရန်ရည်ရွယ်ပြီး ဖတ်မိသမျှ စာလေးထဲမှာ မျှဝေတင်ပြပေးလိုက်ရပါသည်။
အမှားများပါလျှင် ခွင့်လွတ်ပေးကြပါရန် ဒီနေရာကနေပဲ တောင်းပန်ပါတယ်ရှင်။

                                                                    လေးစားခင်မင်လျက်
                                                                          မေဟန်နီ

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates