အချစ်ဆိုသည်မှာ...........

ချစ်သူ...........
ရင်ခုန်ခြင်းရဲ
့အခြားတစ်ဖက်မှာ.................သာယာနာပျော်ဖွယ်ကောင်းတဲ့အချစ်သံစဉ်ချိုတွေရှိတယ်
အောက်မေ့တမ်းတခြင်းရဲတစ်ဖက်မှာ....လွမ်းမောဖွယ်ရာကောင်းတဲ့အတိတ်ရဲ့
နောက်ကြောင်းတွေရှိတယ်
နာကျည်းမှု
့တွေရဲ့တစ်ဖက်မှာ...................အမုန်းဆိုတဲ့သာယာချိုမြိန်မှု
့မရှိတဲ့အိမ်မက်ခါးခါးတွေရှိတယ်
အမှန်တော့ အချစ်ဆိုတာ.......ငါအတွက်တော့
ကိုယ်ကတောင်းတနေတဲ့အချိန်မှာ ပျောက်ကွယ်တတ်ပြီ
ကိုယ်က မယူချင်တော့တဲ့အချိန်မှာရောက်ရောက်လာတတ်တယ်
အချစ်ဆိုတာ ပျော်ရွင်ခြင်းလား.......
တကယ်လို့ ပျော်ရွင်ခြင်းဖြစ်ခဲ့မယ်ဆိုလျှင်တော့
နွေးထွေးတဲ့လက်တစ်စုံ လွတ်ထွက်မသွားအောင်
ဆုတ်ကိုင်ထားလိုက်မယ်........
အချစ်ဆိုတာ ၀မ်းနည်းခြင်းလား......
ဝမ်းနည်းခြင်းဖြစ်ခဲ့မယ်ဆိုလျှင်တော့
ကျပါစေ မျက်ရည် တိုးတိုးတိတ်တိတ်နဲ့ အခန်းတစ်ခုထဲမှာ
နင်မသိအောင်ပဲ ငိုနေမယ်..
အချစ်ဆိုတာ နာကျည်းခြင်းလား............
နာကျည်းမှု့ ဖြစ်ခဲ့မည်ဆိုရင်တော့ ဒီပေလွှာကို
ရင်ဝယ်မှာဖွက်ထားပြီး နာကျင်တဲ့ဝေဒနာသက်သာ
လာမည့်အချိန်ဆိုတာကို စောင့်ရင်း
နင်ကိုနာကျည်းပေးနေမှာပါ..........
ချစ်သူ အပြစ်မယူစွာ အကြင်နာတွေဗရပွ
ရင်ဝယ်မှာ သိမ်းဆည်းထားတာတောင်
နင်မမြင်နိုင်ခဲ့တာ အချစ်တွေကန်းခဲ့လို့ လား.......
ချစ်သူ တွေးဝေးစရာ ဒီဝေဒနာက
ဒီရင်မှာ တကယ်ရခဲ့တာမို့ 
ဖြေနိုင်စရာ အကြောင်းများရှိရင်
ကြည့်ဖြူစွာ ပေးငှလှည့်ပါ..
ချစ်သူ မျက်ရည်ရစ်ဝိုင်း
ပုလဲဥတွေ ကြွေဆင်းပါစေ
ငါချစ်တဲ့အချစ် တည်မြဲနိုင်ဖို့ 
သစ္စာစောင့်သိချစ်ပါရစေ..
ပူလောင်ရတဲ့ဒီရင်ဘတ်က
ခံစားရချိန်များလွန်းတော့လည်း
စားပြီးအေးတဲ့ ရေခဲပမာ.............
ပူလိုက်နွေးလိုက် အေးလိုက်ပါပဲလား..ကွယ်..
အချစ်ကို အချစ်ကပင်အနိုင်စား
ချစ်သမျှပင် အစဉ်ထားဖို့ 
တွေးလျက်ပင်ပြုံး
ချစ်လျက်ပင်မမုန်းဖို့ 
မေ့မှာတမ်းချွှေပါရစေ.......ချစ်သူ
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment