Monday, June 17, 2013

အချစ်နဲ့ ထုဆစ်မိတဲ့ နှလုံးသားတစ်စုံ

အချစ်နဲ့ ထုဆစ်မိတဲ့ နှလုံးသားတစ်စုံ
ဖွဖွလေးလှမ်းလာတယ် ရင်ခုန်သံ
အနားရောက်တော့ ခြေရာဖျောက်ခဲ့တယ်
တိုးတိုးတိတ်တိတ် မလာတတ်တဲ့အလွမ်း
အနားရောက်တော့ တောင်ပုံရာပုံပါလား
ချစ်သူရဲ့ မျက်ရည် မြေခမှာကို
တကယ်ကိုစိုးကြောက်မိပါတယ်..
မင်းသိမယ်ဆိုဘုရားစူး ကြိမ်ရဲတယ်...
တကယ်ချစ်တာ သေချာအောင်
ငါရဲ့ အချစ်တွေ အချစ်စူး ဆူပါရစေ
အဲဒီလောက်ချစ်တဲ့ အချစ်
နင်အတွက် ကဗျာမဆန်ရင်
မင်နီပြပြီးနား လိုက်ပါတော့
ရလဒ်က သုည
နင်အတွက်တော့ တစ်ဘ၀ဆိုရင်
ငါ့အတွက်တော့ဗလာနတ္တိပါ...ချစ်သူ
ခံစားနားလည်နိုင်ကြပါစေ

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates