အမုန်းကြားက
အသည်းစကားတစ်ခွန်းတော့ ပြောပါရစေ..
ချစ်သူ..............
ရင်လွှာကို ပေတရာ
ထင်ပြီမောင်းရအောင်
ငါက နင်ထင်တဲ့
ကုန်တင်ကားတော့မဟုတ်ဘူး
ကြွေစရာပင် မရှိတဲ့ဘ၀မှာ
ဒီဝေဒနာကို ထမ်းပိုးရမယ်ဆိုတော့
ရက်စက်တာမဟုတ်ရင်
ရင်ခုန်သံ အမည်မဖော်နိုင်သရွေ
့တော့
နင်အလာကို
မျှော်နေရအုံးမှာပါ....
ကျခဲ့ဘူး တဲ့ဒီမျက်ရည်
အက်ကြောင်းတွေထပ်နေပါစေ
အသစ်သစ်သော မျက်နာ
ချစ်လျက်သော အပြုံးက
နင်ဒီတစ်သက်တော့
စွဲကျန်နေရမယ်ချစ်သူ
မကျိန်ဆိုပေမဲ့
ထင်ကျန်စေချင်တယ်.
ငါရဲ့ အတ္တ ရင်ခုန်နှုံးက
တောင်လေ
တိုက်တိုင်းမယိမ်းပါဘူးချစ်သူ.............
တစ်သက်မှာချစ်တဲ့အချစ်
တစ်ဘ၀စာ
သိမ်းဆည်းထားလိုက်ပြီ......
လေးစားချစ်ခင်လျက်

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment