မိုးနှင့်အတူကြွေလွင့်သွားသော မျက်ရည်စများးးးစွာ

နွေကဗျာတွေ ရင်မှာလည်း မတွေးချင်ဘူး
ဖြေစရာမြေ ရယ် ဘယ်နေရာမှမရှိတော့ဘူး
ငိုစရာကြွေစရာမျက်ရည်တွေလည်း ဒီကမ္ဘာမှာမရှိတော့ဘူး
တိမ်တွေသာ အဖော်ပြုမယ်ဆို
နွေကန္တာမှာ အဖော်ပြုတဲ့ပန်းခြောက်
ဝေဆာစွာပွင့်နိုင်မှာပါ.......ကွယ်..................
ချစ်ခြင်းဖွဲ့ အလင်္ကာတွေ စီကာချတာတောင်
မပြောရက်နိုင်တဲ့ ငါရဲ့ ပါးစပ်ဖျား ငိုငြီးသံ
နင်တစ်သက်မကြားနိုင်ဖို့ 
ငါကျိန်စာပြုထားခဲ့တယ်ချစ်သူ........
ယုံကြည်တယ်ဆိုတာ
ငါရခဲ့တဲ့ အပျက်သဘောပါ
ချစ်တယ်ဆိုတာ
ငါရခဲ့တဲ့ တစ်သက်စာ အမုန်းပါ
လွမ်းတယ်ဆိုတာ..
နာကျင်မှု့ တွေ ရောပြွန်းနေတဲ့
နင့် ရဲ့ အပြုံးတုတစ်ခုပါ...
မေ့ မရလို့ အိပ်မရတဲ့ ရက်က
မင်းအသက်နဲ့ တွက်ရင်း
နှစ်ပိုင်းတစ်ပိုင်းလောက်တော့ကျန်သေးတယ်ချစ်သူ...
ငိုရက်တွေရှည်မှာဆိုးလို့ 
အမှောင်ထဲမှာလျှောက်တဲ့ရက်က
23 2/1 ဒီဂရီ တိမ်းစောင်းခဲပြီးချစ်သူ....
တမ်းတလိုက်ချင်တယ် မိုးရယ်
အဲဒီမိုးတွေကို အဖော်ပြုရင်း
ငါရင်မှာ လောင်နေတဲ့မီး
ခဏဖြစ်ဖြစ်ငြိမ်နိုင်အောင်
မိုးနဲ့ အတူ ငိုလိုက်ပါရစေ..
နာကျင်ခြင်းမျက်ရည်စများစွာက...တော့
အော်..... ဒီကမ္ဘာမှာ ကြွေဆင်းနေမှာပါ.....ချစ်သူ.......မိုးသာရွာခဲ့မယ်ဆိုရင်ပေါ့..............

ချစ်တတ်သူတိုင်းပြုံးပျော်နိုင်ပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
.မေဟန်နီ။
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment