Sunday, June 23, 2013

နင်မကြွေရင် ငါမဝေပါဘူးချစ်သူ......

နင်မကြွေရင် ငါမဝေပါဘူးချစ်သူ......


ချစ်သူ....အမြင်မတူလို့  လမ်းခွဲတယ်ဆိုရင်လည်း
အသွင်တူအောင်တော့ စောင့်သင့်တာပေါ့ ချစ်သူ...
ရေမြင်ရင် ရေလွမ်းပြီး ကြာမြင်ရင် ကြာလွမ်းဆိုတာ
ငါအတွက်တော့ မဟုတ်ဘူးချစ်သူ......



ရပ်တန့် သွားတဲ့ နာရီတွေလို့ 
အချိန်ကို ကန့် သတ်ပြီ မိုင်ထောင်ချီတဲ့လမ်းကို
နင်မပါပဲ လျှောက်ရတာ ငါအတွက်တော့
ဇဝေဇ၀ါပဲချစ်သူ......

နေရာတွေ ပေးနေလျက်နဲ့ 
နင်မရှိတဲ့ နေရာမှာ စိတ်ကူးနဲ့ တောင်
မယူလိုက်ချင်ဘူးးချစ်သူ...
ကြေကွဲဖူးတဲ့ မျက်ဝန်းတွေက
ပြောနေတယ် ချစ်သူ....
နင်မကြွေရင် သူမဝေပါဘူးတဲ့...
နှလုံးသွေးနဲ့ ရေးတဲ့ စာတစ်စောင်
နင့် ရဲ့ တန်ဖိုးလျော့မှု့ ထဲပါသွားခဲ့ပြီ..
ကြေမွသွားတဲ့ တိမ်တိုက်ထဲမှာတော့
ငါနှလုံးသားအက်ကွဲစတွေ
လွင့်စင်လို့ ရယ်ပေါ့.......

ငါရဲ့ မျက်ဝန်းထဲက နင်ပုံရိပ်
မပျောက်နိုင်သရွေ့ တော့
နာကျင်ရင်းနဲ့ မုန်းချင်တယ်
ကြေကွဲရင်းလဲ မုန်းချင်တယ်..........
သို့ သော်လည်း
လွမ်းဆွတ်ပြီးတော့ မမုန်းချင်ဘူးချစ်သူ..
လွမ်းဆွတ်ပြီးမုန်းရင် ငါရဲ့ အလွမ်းကြောင့်
မင်း အချစ်ဒဏ်သင့်မှစိုးလို့ ပါ....ကွယ်

ချစ်တတ်သူတိုင်း ပြုံးပျော်နိုင်ပါစေ.....
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates