စိတ်ကူးနဲ့ ပဲချစ်ချင်တယ်

အချစ်ရေ.......
ကမ္ဘာပေါ်မှာရှိတဲ့ အချစ်တွေ
စံတင်လို့ ရတယ်ဆိုရင်
ငါတို့ နှစ်ယောက်ရဲ့ အချစ်က
ဟာသများ ဆန်ခဲ့ လေသလားကွယ်.........
မရေရာတဲ့လမ်းကို သေချာစွာလျှောက်ဖို့ 
ငါရဲ့ ခြေထောက်တွေက မ၀ံမရဲ ဖြစ်မိတာတော့အမှန်ပဲ
အတွေးကြပ်တဲ့ အမေးတွေကြောင့် အိပ်မရတာလည်း
ညဆက်ဖြစ်နေပြီ....ချစ်သူ
ငိုရမလို ပြုံးရမလိုနဲ့ 
ငါပါးစပ်ဖျားတွေလည်း ခါးသက်လို့ 
ယောင်ရမ်းပြီး မက်တဲ့ အိမ်မက်က
တစ်ရက်စာအတွက်ဆိုရင်
မင်းရဲ့ အချစ်တွေက ငါအတွက် သုညပဲချစ်သူ..
စိတ်ကူးယဉ် ဖို့ လည်း အင်အားမရှိဘူး
တကယ် ဖြစ်ဖို့ လဲ ဆန္ဒမရှိဘူး
ဆိုဒါများရင် အရသာပျက်တတ်သလို
မင်းရဲ့ ဂရုစိုက်မှု့ တွေကိုလည်း
နည်းနည်းလျော့လိုက်ပါ..ကွယ်
တန်ဖိုးမဲ့မှာစိုးလို့ ပါ။
ရေပြင်ကျယ် ကြီးကပြောတယ်
သူကအပြောကျယ်တတ်တယ်တဲ့
ကောင်းကင်ကြီးကတော့ပြောတယ်
ရေငွေ့ ပြန်တာမိုးရွာဖို့ တဲ့..
ဒါပေမဲ့ ငါချစ်သူမင်းကပြောတယ်..
တိမ်လို့ အချစ်နဲ့ ချစ်ခြင်းတယ်တဲ့.....
လေယူရာမှာ ပျောက်ကွယ်တတ်တဲ့အချစ်
လေဟာပြင်မှာ စိုက်ထူလို့ မရတဲ့ရွက်တိုင်
အရောင်စုံပေမဲ့ မချယ်တတ်တဲ့ ဆေးရောင်ခြယ်
စိတ်ကူးနဲ့ အချစ် ဘ၀ရဲ့ အက္ခရာလို့ 
လက်တွေ့ မဆန်ခဲ့ပါဘူး..ချစ်သူ
အခြေအနေ အတူတာမဟုတ်ပါဘူး
ညီအောင်မညှိခြင်းခဲ့တာပါ။
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment