Monday, June 24, 2013

စိတ်ကြွေတယ် ချစ်သူ..

စိတ်ကြွေတယ် ချစ်သူ..

အရိပ်နေပြီး အခက်ချိုးခဲ့ပေမဲ့
အဆိပ်မြင်ပြီး အန်မထုတ်နိုင်ခဲ့ဘူး
နင်က ငါရဲ့ စိတ်တွေကို ဖဲ့ဖဲ့စားနေတာ
အခုဆို သူကပြောနေပြီ..
ရက်စက်ချင်တာလားတဲ့.....





အလွမ်းတောထဲဝင်ပြီး
အလွမ်းပင်တွေစိုက်နေတာ
အလွမ်းပွင့်တောင်မပွင့်တော့ဘူးးးး
လွမ်းရိပ်ဝေတာပဲ အဖတ်တင်တယ်..
နင်ကတော့ ငါအချစ်တွေကို
ကရေကရာ သဘောထားပြီ..
လွမ်းပြနေတာက ငါအတွက်တော့
စာမဖွဲ့ တော့ဘူးချစ်သူ....



ခြယ်သမှု့ တွေကင်းနေတဲ့
နင့်အချစ်ကို စိတ်လေလေနဲ့ 
တွေးနေလိုက်တာ...
ရက္ခဘီလူးလို့ တော့ အသည်းမကွဲချင်ဘူးတဲ့
စိတ်ကူးတည့်ရာလျှောက်ပြီး
လမ်းပျောက်နေတဲ့ ငါအဖြစ်က
မျက်ကန်းတစ္စေတစ်ကောင်ပါပဲလား....



မြင်လျက်နဲ့ လည်း မကြွေရဘူး
ငိုချင်လျက်နဲ့ လည်း မဝေရတဲ့အဖြစ်ပါလား
နင်ကိုတစ်ခု ပြောလိုက်မယ်..
ငါစိတ်ကို ကမောက်ကမဖြစ်အောင်လုပ်ပြီး
စိတ်ကြွေအောင်တော့မလုပ်ပါနဲ့ 
ငါစိတ်လေတယ်ချစ်သူ..........

ချစ်တတ်သူတိုင်းပြုံးပျော်နိုင်ပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ။

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates