အလွမ်းသင့်သွားသော ရင်ခုန်သံ

ခပ်ပါပါးလေးရှသွားခဲ့တဲ့
အချစ်တွေက ရင်ခုန်သံအစစ်တွေ
မဟုတ်ခဲ့ဘူးလားကွယ်..
ငါတောင်းတတဲ့ နင့်ရဲ့အချစ်က
ခပ်နွမ်းနွမ်းလေး ပါပဲလား.....
ရေးချခဲ့ဘူးတဲ့ ဒီကဗျာ
ဆောင်ခဲ့ဖူးတဲ့ ဒီသစ္စာတရား
မေတ္တာတရားတွေက အတောင်ကြိုးသွားခဲ့ပြန်ပြီ
အမှတ်မရှိတဲ့ ငါ့နှလုံးသားက
နင်ခေါ်ရင် တစ်ရေနိုးပြီး ပြန်ထူးတတ်နေခဲ့ပြီ....
ကြွေကျသွားတဲ့ အချစ်တွေ
နင်အတွက် မဖြစ်ရင် တစ်သက်လုံးအတွက်
တောင်းတဲ့ဆုက.......ငိုခြင်းနဲ့ မဆုံးပါရစေနဲ့ 
နှလုံးသားတန်းလျားတစ်ခုမှာ
စာမလာ အကြောင်းမကြားပဲ
ငါနှလုံးသားကို ခလုတ်တိုက်ခဲ့တာ
နှလုံးသားက ရောင်းဖို့ မဟုတ်ဘူးချစ်သူ..........
တောင်းပန်ပါတယ်.တဲ့.
ကြားခဲ့ရတဲ့ စကား ငါဘေးနားက နာကျင်မှု့ က
မင်းကိုပြုံးပြနေတယ် ....နာကျင်တဲ့ အပြုံးလေးနဲ့ 
မင်းရဲ့ အချစ်ကြွေသွားခဲ့တာ.
.မြေပေါ်မှာ ပန်းခြောက်တစ်ပွင့်အလားးး
ငါတွေဝေခဲ့ရတယ် မင်းရဲ့ အချစ်တွေကို
ငါမက်မောခဲ့ရတယ် မင်းရဲ့ အလွမ်းကို
ဖြစ်နိုင်ရင်လေ မင်းရဲ့ အချစ်ကို
လေထဲမှာ မျောပြီးး ထာဝရ ဖျောက်ပစ်လိုက်ချင်ပြီ..
ဒါပေမဲ့လည်းလေ
ဖြစ်နိုင်မယ်ဆိုရင် ငါရဲ့အသက်ရှိနေသရွေ့ 
မင်းကို ပြောချင်တဲ့စကားတစ်ခွန်း
ရင်ခုန်သံစစ်စစ်ကိုအဖြော်ပုပြီး
ပလီပလာ တစ်လုံးမှမပါပဲ
စီကာကုန်ပြီးပြောလိုက်မယ်
ငါအရမ်းမလွမ်းပါရစေနဲ့ ............
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment