Tuesday, June 25, 2013

ကျွန်မချစ်သူပြောသော အချစ်အကြောင်း

ကျွန်မချစ်သူပြောသော အချစ်အကြောင်း


ချစ်သူ မင်းသာ ငါရဲ့ အရိပ်တစ်ခုဖြစ်ခဲ့မယ်ဆိုလျှင်
ငါကတော့ မင်းရဲ့ အရိပ်ကို မိုးပေးနိုင်တဲ့ အမိုးအကာတစ်ခုဖြစ်ချင်တယ်။




ချစ်သူ မင်းသာငါရဲ့ ခြေထောက်တစ်စုံဖြစ်ခဲ့မည်ဆိုပါလျှင်
ငါကတော့ မင်းရဲ့ ခြေထောက်အောက်က ဖိနပ်ကလေးတစ်ရံဖြစ်ချင်တယ်။
မင်း သွားလို ရာခရီးကို သွားနိုင်ဖို့ ပါ။


ချစ်သူ မင်းသာငါရဲ့ လက်တစ်စုံဖြစ်ခဲ့မယ်ဆိုပါလျှင်
ငါကတော့ မင်းရဲ့ ပုခုံးတွေမှီလို့ ရမည့် ရင်ပြင်ကြီးတစ်ခုဖြစ်ချင်တယ်။


ချစ်သူ မင်းသာ ငါရဲ့  သော့တစ်ခုဖြစ်ခဲ့မည်ဆိုပါလျှင်
ငါကတော့ မင်းရဲ့ သော့ကို ဖွင့်ပေးနိုင်မဲ့ သော့တံလေးတစ်ချောင်းဖြစ်ချင်တယ်။


ချစ်သူ မင်းသာငါရဲ့ တစ်ခုတည်းသော မျက်စံအိမ်ကလေး ဖြစ်ခဲ့မည်ဆိုပါလျှင်
ငါကတော့ မင်းရဲ့ မျက်လုံးအိမ်လေးထဲက မျက်ရည်ကြည်လေးဖြစ်ချင်တယ်။


ချစ်သူမင်းသာ ငါရဲ့ အချစ်စစ်ကို ပိုင်ဆိုင်မည်သူဖြစ်ခဲ့မည်ဆိုပါလျှင်
ငါကတော့ မင်းရဲ့အချစ်ကို အရောင်တင်ပေးမဲ့  မေတ္တာပိုင်ရှင်တစ်ဦးဖြစ်ချင်တယ်။



ချစ်သူမင်းသာငါရဲ့ ကြိုးလေးတစ်ချောင်းဖြစ်ခဲ့မည်ဆိုပါလျှင်
ငါကတော့ မင်းရဲ့ ကြိုးကလေးနဲ့ ချည်နှောင်ပေးမဲ့ သစ္စာကြိုးမျှင်လေးဖြစ်ချင်တယ်။


ချစ်သူမင်းသာ ငါရဲ့ အချစ်တွေကို ရဲရဲတောက်တဲ့ စိတ်နဲ့ နေမင်းလို အချစ်မျိုးချစ်ခဲ့မည်ဆိုပါလျှင်
ငါကတော့ မင်းရဲ့အချစ်ကို ငြိမ်းချမ်းပေးမည့် လမင်းလို အေးမြတဲ့ အချစ်တွေပေးချင်တယ်။



ချစ်သူမင်းသာ ငါရဲ့ မှန်မီးအိမ်ငယ်တစ်လုံးဖြစ်ခဲ့မည်ဆိုပါလျှင်
ငါကတော့ မင်းရဲ့ မှန်မီးအိမ်လေးထဲက မီးစာ လေးတစ်ခုဖြစ်ချင်တယ်။

ချစ်သူ အပြင်မှာ မိုးတွေရွာနေသလို
ငါရဲ့ရင်ထဲမှာလည်း မိုးတွေရွာနေတယ်
နင်သာအဖော်ပြုနိုင်မယ်ဆိုရင်
ငါရဲ့ ရင်ထဲကခံစားချက်ကိုဖတ်ပေးနိုင်မည့်
ဘာသာစကားလေး တစ်ခွန်းလောက်တော့
ပြောပေးလှည့်ပါကွယ်......
.
အပြင်မှာမပြုံးပေမဲ့
ရင်မှာ ပြုံးနေတယ်....ချစ်သူ..
ချစ်တတ်သူတိုင်းပြုံးပျော်နိုင်ပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ


0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates