Tuesday, June 25, 2013

သတိ........အချစ်၏ နယ်နိမိတ်အလွန်တွင်

သတိ........အချစ်၏ နယ်နိမိတ်အလွန်တွင်

ချစ်သူရေ.....
ဖောက်လွဲဖော်ပြန် ပြုတတ်တဲ့
လောကဓံထဲမှာ နင် နဲ့ ငါက
ကြိုးပြတ်သွားတဲ့ စွန်တစ်ခုလို
ပြတ်တောက်သွားခဲ့ကြတာ...
ဲဖြစ်သင့်ရဲ့လားးး

အခါခါ တွေးဖူးတဲ့အဖြေ
အကြိမ်ကြိမ်မေးဘူးတဲ့ ဒီစကား
ရင်မှာ ပြည့်နေလည်း ပြောချင်သေးတယ်
ကြယ်ကြွေတာ ဆုတောင်းရင်း
နင် အမြင်မှန်ရတဲ့ နေ့ မှာ
ငါကိုယ်တိုင် လည်စင်းပေးမယ်ချစ်သူ

သွားခဲ့ဘူးတဲ့ နေရာတွေက
ငါကို ဂရုဏာသက်တဲ့ မျက်လုံးတွေနဲ့ 
ကြည့်နေလိုက်တာ ငါမခံနိုင်လို့ မဟုတ်ပါဘူးချစ်သူ
မင်းကို အထင်သေးမှာ စိုးလို့ ပါ.....


လမိုက်ညရဲ့ တေးဆိုသံက
သာယာနာပျော်ဖွယ် မကောင်းခဲ့သလို့ 
နင် နဲ့ ငါကြားမှာ ရှိတဲ့ အချစ်သံစဉ်တွေက
လမိုက်ညနဲ့  နင်လား .. ငါလားပါပဲလားကွယ်...............

မုန်းတဲ့ ဆိုတဲ့ စကား  နင်ပြောလို့ ရပါတယ်...
ဒါပေမဲ့ ငါ ကြားနိုင်အောင်တော့မပြောပါနဲ့ 
ငါနင်ကို နာကျည်းသွားမှာ စိုးလို့ ပါ...
လမ်းခွဲမယ် ဆိုတဲ့ စကား ငါကြားအောင်မပြောပါနဲ့ ချစ်သူ
နင်ကို အရင်လို့ မိတ်ဆွေတစ်ယောက်အဖြစ်
လက်မခံနိုင်တော့လို့ ပါ....

သတိ...........
အချစ်တွေက ငိုနေပြီ
အမုန်းတွေကခုန်နေပြီ
အလွမ်းတွေကတော့ ပြုံးနေပြီ..ဒါပေမဲ့...
မငိုမပြုံးနဲ့ ထာဝရရှင်သန်နေတာက
ဟောဒီရင်ဘက်မှာရှိတဲ့....ငါရဲ့စိတ်ကလေးတစ်ခုပဲရှိတော့တယ်..
ပန်းတိုင်းလှပေမဲ့ အမြဲတော့မသင်းတတ်ပါဘူးကွယ်.........

ချစ်တတ်သူတိုင်းပြုံးပျော်နိုင်ပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ။
မေဟန်နီ။

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates