Wednesday, June 26, 2013

အပြစ်ဖြင့် ဖန်ဆင်းမိသော အချစ်တစ်ခု

                                              အပြစ်ဖြင့် ဖန်ဆင်းမိသော အချစ်တစ်ခု



ချစ်သူ..
နင်ပြုံးဆိုရင် ငါပြုံးမယ်ချစ်သူ
နင်မဲ့ ဆိုရင်လည်း ငါမဲ့လိုက်မယ်ချစ်သူ
ဒါပေမဲ့ အကြောင်းပြချက်မရှိပဲ..
နင်မုန်းခိုင်းမယ်ဆိုရင်တော့
ခဏလောက်တော့စဉ်းစားပါရစေ.....




ရာသီစက်ဝန်း လည်နေသရွေ့ တော့
အချိန်နဲ့ အညီ တိုက်ခတ်လာတဲ့လေကို
အဟန့် အတားလုပ်ဖို့ မင်းမှာ ခိုင်တဲ့ ကြိုးတစ်ချောင်း
ရှိခဲ့ဘူးလို့ လား...



မစစ်ပဲ ချစ်ခဲ့တော့ အပြစ်ပဲဖွဲ့ နေတာပေါ့ချစ်သူ
နင်ရဲ့ ရင်ခုန်သံမစစ်ပဲ ကြင်နာပြတာက
ငါအတွက် ရင်နာရုံက လွဲ ဘာများကျန်အုံးမှာလဲ...



အရိပ်စစ်စစ်ကို ခြေရာကောက်ဖို့ ကြိုးစားတိုင်း
နှလုံးသားအတုပဲ ကောက်မိတယ်..
အလွမ်းကျတော့စစ်လိုက်တာ
ကောက်လို့ တောင်မမှီတော့ဘူးချစ်သူ.....



ငါရဲ့ အချစ်အဘိဓာန်မှာ
နင်မပါတော့ နည်းနည်းတော့
ခပ်ရှရှပဲချစ်သူ... အပြစ်ဖွဲ့ တဲ့ နင်အတွက်
အချစ်မဲ့ တာမဆန်းပါဘူးချစ်သူ.....



နင်ကိုလေ စကားလေးတစ်ခွန်းတော့ပြောချင်တယ်ချစ်သူ
ချစ်ခွန်းသီ တိုင်းလည်း အချစ်မဟုတ်သလို
ချစ်ဖူးသူတိုင်းလည်း အပြစ်မဟုတ်ပါဘူး...
အချစ်ကို အပြစ်မြင်သရွေ့ တော့
အချစ်က နင်ကို ဒဏ်သင့်စေလိမ့်မယ်ချစ်သူ....

ချစ်တတ်သူတိုင်းပြုံးပျော်နိုင်ပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ။
မေဟန်နီ

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates