ချစ်သူအတွက်ကြေငြာစာတမ်း

ရင့်နစ်အောင် ချစ်လည်း
ရင်ပွင့်မတတ်ပဲခံစားရတယ်
ဒီရင်ဘတ်က အနာရွက်က
ငါ့အတွက်တော့ တစ်သက်မပျောက်တော့ဘူးချစ်သူ....
အပြင်မှာ မွှေးတော့လည်း
ရင်မှာတော့ မမွှေးနိုင်တော့ဘူးကွယ်
ရေးခဲ့ဖူးတဲ့ စာတွေ
ချစ်ခဲ့ဘူးတဲ့ ဒီအရာတွေက
တိမ်တိုက်လို့ မျောပြီး
မိုးအဖြစ်ရွာချလိုက်တာ
ရေငွေ့ အဖြစ်နဲ့ ပျောက်ကွယ်သွားခဲ့ပြီ။
ရင်မှာတော့ မမွှေးနိုင်တော့ဘူးကွယ်
ရေးခဲ့ဖူးတဲ့ စာတွေ
ချစ်ခဲ့ဘူးတဲ့ ဒီအရာတွေက
တိမ်တိုက်လို့ မျောပြီး
မိုးအဖြစ်ရွာချလိုက်တာ
ရေငွေ့ အဖြစ်နဲ့ ပျောက်ကွယ်သွားခဲ့ပြီ။
နင်ချစ်ခဲ့ဘူးတဲ့အချစ်ဆိုတာ
ဒီပေရွက်ပေါ်က စာတစ်လုံးလောက်
တန်းဖိုး ရှိခဲ့ဘူးလို့ လားးး
နားလိုက်စမ်းပါဟာ..
ချစ်ခဲ့ဖူးပေမဲ့ အသစ်စက်စက်တော့
ဘယ်တော့မှမဖြစ်နိုင်တော့ဘူးချစ်သူ....
ဒီပေရွက်ပေါ်က စာတစ်လုံးလောက်
တန်းဖိုး ရှိခဲ့ဘူးလို့ လားးး
နားလိုက်စမ်းပါဟာ..
ချစ်ခဲ့ဖူးပေမဲ့ အသစ်စက်စက်တော့
ဘယ်တော့မှမဖြစ်နိုင်တော့ဘူးချစ်သူ....
အက်ကွဲဖူးတဲ့ အရာက
အကောင်းပကတိ ပြန်ဖြစ်နိုင်မယ်ဆိုရင်
နာကျည်းစရာတွေကို ပြန်ရုပ်သိမ်းပေးလိုက်မယ်
ငါ့ရင်နဲ့ ရေးတဲ့စာမို့ 
သစ္စာပြုရဲတယ် ကောက်ယူခွင့်မပြုနိုင်ဘူးချစ်သူ............
အကောင်းပကတိ ပြန်ဖြစ်နိုင်မယ်ဆိုရင်
နာကျည်းစရာတွေကို ပြန်ရုပ်သိမ်းပေးလိုက်မယ်
ငါ့ရင်နဲ့ ရေးတဲ့စာမို့ 
သစ္စာပြုရဲတယ် ကောက်ယူခွင့်မပြုနိုင်ဘူးချစ်သူ............
လွမ်းချင်းတလည်း လွမ်းရုံကမပိုရင်
အသည်းထက်မှာ ကမ္မည်းတင်ပြီး
ငါ့ နှလုံးသားကို ယစ်ပူဇော်လိုက်မယ်
နင့်အတွက်တော့မဖြစ်စေရဘူးချစ်သူ...
အသည်းထက်မှာ ကမ္မည်းတင်ပြီး
ငါ့ နှလုံးသားကို ယစ်ပူဇော်လိုက်မယ်
နင့်အတွက်တော့မဖြစ်စေရဘူးချစ်သူ...
နှင်းဆီတောကို တိုးပြီး ဆူးနဲ့ လည်း ငြိခဲ့ဘူးပြီ
စပယ်တောကိုတိုးလို့  ရနံတွေလည်း လှိုင်ခဲ့ဘူးပြီ..
ရနံရဲ့ ထုံသင်းမှု့ မတူခဲ့လို့ 
အဲဒီတောထဲကလည်း ရုန်းထွက်ခဲ့ဘူးပြီ..
အသက်ပေးလောက်အောင်ချစ်ခဲ့ပေမဲ့
အချပ်ကလေးမတူခဲ့ လေတော့
မေတ္တာတွေပျက်ခဲ့ ရတော့ပေါ့ချစ်သူ........
စပယ်တောကိုတိုးလို့  ရနံတွေလည်း လှိုင်ခဲ့ဘူးပြီ..
ရနံရဲ့ ထုံသင်းမှု့ မတူခဲ့လို့ 
အဲဒီတောထဲကလည်း ရုန်းထွက်ခဲ့ဘူးပြီ..
အသက်ပေးလောက်အောင်ချစ်ခဲ့ပေမဲ့
အချပ်ကလေးမတူခဲ့ လေတော့
မေတ္တာတွေပျက်ခဲ့ ရတော့ပေါ့ချစ်သူ........
အလွမ်းဇာတ်သိမ်းမလှပေမဲ့
တည်မြဲမှု့ ရဲ့ အနားသတ်
လှလှပပဖြစ်ဖို့ မင်း နဲ့ ငါ့အချစ်ကို
ကြေငြာလိုက်ချင်တယ်...
မချစ်တတ်ရင် အချစ်ငတ်မှာ မကြောက်နဲ့ 
ဟန်ဆောင်မှု့ ဆိုတာက
ဘယ်တော့မှ မချိုမြိန်တတ်ဘူးတဲ့..ချစ်သူ
တည်မြဲမှု့ ရဲ့ အနားသတ်
လှလှပပဖြစ်ဖို့ မင်း နဲ့ ငါ့အချစ်ကို
ကြေငြာလိုက်ချင်တယ်...
မချစ်တတ်ရင် အချစ်ငတ်မှာ မကြောက်နဲ့ 
ဟန်ဆောင်မှု့ ဆိုတာက
ဘယ်တော့မှ မချိုမြိန်တတ်ဘူးတဲ့..ချစ်သူ
ချစ်တတ်သူတိုင်းပြုံးပျော်နိုင်ပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ။
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ။
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment