အချစ်ရဲ့ကျေးကျွန်

ချစ်တဲ့သူရေ...........
ခေါင်းစဉ်တွေက မလှပ
ဒဏ်ရာတွေက ဗရပွ
အနာဂတ်ကတော့ ဆုတ်ရှာသွားပြီ
နောက်ကြောင်းပြန်လှည့်ရင် လည်း
အတိတ်ဆိုတာက
လှောင်ပြုံး ပြုံးခံနေရတဲ့ ငါဘဝ
ဘယ်နေရာကြည့် ကြည့် အဖြူ အမည်း တောင်
မကွဲခဲ့ပါလားကွယ်..........
ငါ့ ရဲ့အချစ်တွေက မြို့ ပြညရဲ့
ထည်ဝါမှု့ လောက် မခမ်းနားပေမဲ့
တောညလေး တစ်ညရဲ့ သာယာမှု့ လောက်တော့
တင့်တယ်ခဲ့ဘူးပါတယ်..
ကဝေလက်နဲ့ အပြုံးကို ဆက်ပြီ
ငါကို လှောင်ပြုံးလေးတော့မပြုံးလိုက်ပါနဲ့ 
စောင့်သိခဲ့တဲ့ သစ္စာဆိုတာ
ဖောက်လွဲဖောက်ပြန် ပြုလုပ်လို့ ကောင်းတဲ့
ရာသီဥတုတစ်ခုတော့ မဟုတ်ခဲ့ရဘူးကွယ်........
ပြင်းပြင်းရှရှလေး ခံစားခဲ့ဘူးတဲ့
ဒီအချစ်က ရသတစ်ပုဒ်တော့မဟုတ်ခဲ့သလို
ပညက်ချက်တွေ မှားနေခဲ့တဲ့ စည်းကမ်းချက်တွေလည်း
မဟုတ်ခဲ့ဘူးးးးးး
အချစ်ရဲ့ စေစားမှု့ နောက်ကို
ကပ်ပါးကောင်လို့ လိုက်နေမိတဲ့
ငါရဲ့အဖြစ်က အပြစ်တင်စရာတွေဖြစ်နေခဲ့ပြီလား
ဒီတော့ ချစ်သူရယ်........
အချစ်ကြောင့် နဲ့ ငါဘ၀တစ်ခုလုံး
ကျေးကျွန်ဘ၀မရောက်ရအောင်
အပြုံးတစ်သက် မုန်းလျက်ပင် မဝေရအောင်
အဆုံးမဲ့ ခရီး ငါတစ်ယောက်တည်း လျှောက်တော့မယ်.........
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment