Friday, June 28, 2013

ဤနယ်မြေအတွင်း ဖြတ်သန်းသွားလာခွင့်မပြု

ဤနယ်မြေအတွင်း ဖြတ်သန်းသွားလာခွင့်မပြု

ချစ်သူ.......
ကျောင်တိုင်လို့ မာကျောခဲ့တဲ့
ငါနှလုံးကို အရုပ်တစ်ရုပ်လို သဘောထား
ပစ်စလက်ခတ် အငြိုးကြားမှာ  အမုန်းနှောခဲ့ပြီမှ
တောင်းပန်ပါတယ် ဆိုတဲ့ စကားတစ်ခွန်းနဲ့ 
ကျေနပ်နှစ်သိမ့်နေရအုံးမှာလားး......





စေတနာတွေ ရင်မှာ အပြည့်နဲ့ 
မုသားဆိုတာမပါဘူးဆိုရင်တောင်
ယုံတမ်းစကားပြောနေတတ်တဲ့
နင့်အသည်းကို ခတ္တတော့  ဂရုဏာသက်မိလိမ့်မယ်
ဒါပေမဲ့  ရင်မှာတော့မရှိတော့ဘူးး



တားမြစ်နယ်မြေထဲကို စည်းကျော်လာခဲ့ပြီး
ငါနှလုံးသားကို အနာတရဖြစ်စေပြီးမှ
အသာထပြီး ပြုံးနိုင်မယ်ဆို..
နင်နှလုံးသားက အတုမို့ ပေါ့ကွယ်.......
ရောင်းတမ်း ကစားတတ်တဲ့
နင့်ရဲ့အချစ်ကို အလျော်အစားတစ်ခုလို
သဘောထားပြီး စကားတစ်ခွန်းပြောလိုက်မယ်
နင့်ကို မုန်းတယ်........




သံယောစဉ်တဲ့လားး အပြင်မှာပြောတဲ့ မုသားလို့ 
ရင်မှာမရှိပဲ ကောက်နုတ်ချက်ပေးတာ
ငါနှလုံးသားက စွဲချက်တင်လိုက်ပြီ
ဤနယ်မြေအတွင်း ဖြတ်သန်းသွားလာခွင့်မပြု.
နှလုံးသားတစ်ခု အနားယူနေသည်။

ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ။

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates