သိက္ခာတရား

သိက္ခာတရားဆိုတာ.......
ကျယ်ကြီး မြင့်မြတ် လူ့ အသိုင်းအ၀ိုင်းကြားက
ပေါက်ဖွားလာခြင်း မဟုတ်သလို့  ဆင်းရဲနွမ်းပါး
လူ့ အသိုင်း ၀ိုင်းကြားက ပေါက်ဖွားလာခြင်းလည်း
မဟုတ်ဘူးးးးးးးး
အစဉ်အလာ တစ်ခုကို ထိန်းသိမ်းတယ်ဆိုတာ
သိက္ခာတရားရဲ့ အစခရီးဖြစ်တယ်ဆိုရင်
ပျက်လို ပျက်စီး ဖြစ်အောင် လုပ်ခြင်းကလည်း
သိက္ခာတရားရဲ့ အဆုံးခရီးဖြစ်လိမ့်မယ်...........
လူတစ်ယောက်ရဲ့ သိက္ခာတရားဆိုတာ
ရွှေငွေ ပုံပေး ၀ယ်လို့ ရတဲ့ ပစ္စည်းတစ်ခု
ဖြစ်ခဲ့မည်ဆိုလျှင် မင်း ထားခဲ့တဲ့ ကိုယ့်ကျင့်တရားက
သဲထဲရေသွန်ပဲ ဖြစ်လိမ့်မယ်ပေါ့..............
အကောင်းစား ကားစီးပြီး
အကောင်းဆုံးဆိုတာ သုံးမှ သိက္ခာ တရားလား
ပြုံးရင် ပြုံးပါ မလှောင်ပါနဲ့ 
ရယ်ချင်စရာ တွေ့ လို့ ရယ်မယ်ဆိုရင်တောင်
မင်းသိက္ခာတရားနဲ့ တန်လောက်အောင်ပဲ
ရယ်ပါ.........
လူတစ်ယောက်ချင်းစီက ပေါက်ဖွားလာခြင်းက
သိက္ခာတရားဆိုလျှင် မင်းရဲ့ သိက္ခာနဲ့ ရပ်တည်ဖို့ 
ကိုယ်ချင်းစာစိတ်ရှိရမယ်.
မာန်မာန ဆိုတာ မရှိရဘူး
အတ္တဆန်ပြီး တစ်ကိုယ်ကောင်းဆန်တာ
သိက္ခာတရားမဟုတ်ဘူးး
ပါးစပ်ဖျားက ပြောတဲ့ သိက္ခာ
သစ္စာဆိုတာကော ရှိခဲ့လို့ လား
ရွှေကို ရွှေချင်းထပ် မှမြတ်တာ သိက္ခာဆိုရင်
ရင်ကို ရင်ချင်းထပ်မှမြတ်တဲ့ ငါရဲ့ သိက္ခာက
ပိုပြီး မွန်မြတ်ပါတယ်........
ခြားနားချက်က သိက္ခာတစ်ခုဖြစ်မယ်ဆိုလျှင်
ခပ်ပါးပါးလေး ခြားခဲ့တဲ့ စည်းက မေတ္တာတရားပါပဲကွယ်............
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment