Saturday, June 29, 2013

ရပ်တည်ချက်

ရပ်တည်ချက်

စမ်းတ၀ါးဝါးလျောက်ခဲ့တဲ့ လမ်း
အဆုံးရောက်လည်း ယောင်ဝါးဝါးပါလား
ဆန္ဒတစ်စုံ ရင်မှာရှိရင်တောင်
မင်းလျှောက်မည့်လမ်း မှန်ကန်နေအုံးမယ်........
ရွက်ဖျင်တဲ ထဲက မှေးမှိန်စပြုနေတဲ့ မီးအရောင်
အထင်ကရဖြစ်တဲ့ မြို့ပြမီးနဲ့ တော့ မနှိုင်းလိုက်ပါနဲ့ 
တန်ဖိုးဆိုတာ ကိုယ်ကိုတိုင်ဖြတ်လို့ ရတဲ့အရာဆို
မင်းတန်ဖိုးကို မင်း မြင်နိုင်ပါစေ..........
ချစ်ခြင်း အလင်္ကာတွေကို ဖွဲ့ နွဲ့တတ်တဲ့
ကဗျာဆရာတစ်ယောက်ရဲ့လက်မှာ
နှုးညံ့တဲ့ မေတ္တာတရားတွေရှိသလို
ဘ၀ပေးပညာတွေ ရေးတဲ့လက်မှာတော့
အသိပညာပါးနပ်မှု့ တွေရှိတယ်......
အတိုင်းအတာဆိုတာ.. မြင်နိုင်တယ်ဆိုရင်
အစဉ်အလာဆိုတာတော့ မမေ့သင့်ပါဘူး
အခြေအနေမပေးရင်တောင်..အဆုံးထိတော့
လျှောက်သင့်တာပေါ့....ကွယ်...
ဦးတည်ချက်ရဲ့ အဆုံးမှာ..မျှော်လင့်ခြင်းဆိုတဲ့
ရောင်စဉ်တန်းတွေရှိတယ်....
လှိုင်းတွေကြမ်းနေပါစေ...မုန်းတိုင်းရဲ့ နောက်ကွယ်က
လေပြေကို မစောင့်နိုင်သရွေ့တော့
မင်းရဲ့ ဦးတည်ချက်က..အတောင်ပြတ်တဲ့စွန်လို
လေနှင့်ရာမျော နေရအုံးမယ်ထင်တယ်........

ကိုယ့်လျှောက်ရမည့်လမ်းများ မှန်ကန်နိုင်ပါစေ........ရပ်တည်ချက်တွေ မှန်ကန်ကြပါစေလို့ မေတ္တာဖြင့်ဆန္ဒပြုလိုက်ပါတယ်။
မှားတာရှိရင် ၀န္ဒာမိပါ။

ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ။


0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates