Sunday, June 30, 2013

ဘာလဲ အချစ်ဆိုတာ ????

ဘာလဲ အချစ်ဆိုတာ ????

တစ်ခါတလေ အချစ်ဆိုတာ ကိုယ်က လိုက်နေရင် သူကပြေးတတ်တဲ့ ယုန်သူငယ်လေး တစ်ကောင်နဲ့ တူတယ်...
တစ်ခါတလေ အချစ်ဆိုတာ ကြေကွဲမှု့ ကို ခြေရာခံပြီး လွမ်းဆွတ်တမ်းတမှု့ တွေကို ပေးတတ်တဲ့ အလွမ်းသမားတစ်ယောက်နဲ့ တူတယ်..

တစ်ခါတလေ အချစ်ဆိုတာ မျက်မမြင်တစ်ယောက်ရဲ့ အထီးကျန်ဆန်ခြင်းနဲ့ လည်း တူတယ်........
တစ်ခါတလေ အချစ်ဆိုတာ ချိုမြိန်တဲ့သစ်သီးတစ်လုံးကို စားလိုက်ရသလို အရသာပေါ်မှာယစ်မှုးစေတတ်တဲ့ ၀ိုင်တစ်ခွက်နဲ့ တူတယ်..
တစ်ခါတလေ အချစ်ဆိုတာ လတ်ဆတ်တဲ့ ရာသီဥတုမှာ ဖြတ်သန်းတိုက်ခိုက်လာတဲ့ လေနုအေးနဲ့ လည်း တူတယ်...
တစ်ခါတလေ အချစ်ဆိုတာ...တောင်ပေါ်ကနေ အရှိန်နဲ့ ကျလာတဲ့ရေတံခွန်နဲ့ တူတယ်......
တစ်ခါတလေ အချစ်ဆိုတာ တစ်စက်ထဲနဲ့ အေးခဲ့သွားစေတဲ့ ကျောက်စစ်ရေနဲ့ လည်း တူနေပြန်တယ်....
တစ်ခါတလေ အချစ်ဆိုတာ ဗိုက်ဆာလျှင် ပူဆာတတ်တဲ့ မသိနားမလည်တဲ့ ခလေးတစ်ယောက်နဲ့ လည်း တူတယ်.....
တခါတလေ အချစ်ဆိုတာ အပြုံးမျက်နှာဖုံးကိုစွပ် အငိုမျက်လုံးနဲ့ ဟန်ဆောင်မှု့ တွေ ရှိနေတဲ့ မျက်နှာတစ်ခုနဲ့ လည်းတူတယ်..
တစ်ခါတလေအချစ်ဆိုတာဂုဏ်သိက္ခာရှိ မြင့်မြတ်မျိုးနွယ်က ပေါက်ဖွားလာတဲ့ တော်ဝင်ပန်းတစ်ပွင့်နဲ့ 
တူပြန်တယ်...
တကယ်တော့လည်းလေ အချစ်ဆိုတာ
ပျောက်ပျက်တတ်တဲ့ သဘောရှိပြီး
ကြာရှည်တည်မြဲနိုင်တာက အရောင်မရှိတဲ့
မေတ္တာတရားပါပဲကွယ်..........
ချစ်တတ်သူများပြုံးပျော်နိုင်ပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates