♥♥♥မျက်ဝန်းဖြင့် လမ်းလျှောက်ထွက်လာခြင်း♥♥♥

မနက်ဖြန်တိုင်းရဲ့ မျက်ဝန်းတွေ
အချစ်နဲ့ ဖွဲ့ သီလို့  နိုးထလိုက်ပါရစေ။
မှော်ဝင်အပြုံးတွေ ရင်မှာတွဲခိုလို့ 
ဥပက္ခာတရားတွေရဲ့ နီးစပ်ရာမှာ
တပ်မက်စွာရူးခဲ့မိတဲ့ မျက်ဝန်းတွေကို
စိမ်းကားခြင်းရဲ့ အောက်မှာ
ဖြန့် ကျက်ထားနေမိတယ်။
လောကကြီးပြုံးလို့ 
နှလုံးသွေးတွေ ပွက်ပွက်ဆူခဲ့ရတယ်
ခြေတန်းရှည် အိမ်တစ်လုံးရဲ့ 
မျှော်လင့်ချက်တွေ အငိုမိလို့ 
ပြိုလဲခဲ့ရတဲ့အဖြစ်ပါလား။
ကြွေကျခဲ့မိတဲ့ ပန်းတစ်ပွင့်ရဲ့ ရိုက်သံ
ရနံ့ တွေကြားမှာရစ်မူး
အပျော်မူး မူးလို့ 
ဒေါက်မပါတဲ့ ဖိနပ်တစ်ရံလို
ရင်ခုန်သံတွေ ခြေချော်လက်ချော်
ဖြစ်ခဲ့ရပြန်တယ်။
ဘာသာတရားတွေ ငိုနေပြီချစ်သူ
ငါ့ချစ်ခဲ့တဲ့အချစ်တွေ အဝေးမှုန် ဖြစ်တဲ့တစ်နေ့ 
ရင်ခုန်သံတွေ စိမ့်ဖန့် ဖန့် ဖြစ်တာ
သစ္စာတရားကို ဥပက္ခာပြုတာရယ်လို့ 
နင့်မျက်ဝန်းက စကားမပြောပါနဲ့ လားချစ်သူ။။
(ငါဆိုတဲ့) မာနမဲ့ မိန်းမသားတစ်ယောက်ရင်ထဲ
နင့် အကြည့်တစ်ချက်မှာ မျောလို့ 
အတုအယောင် နှလုံးသား ပက်ကြားအက်ကြားမှာ
ခြယ်မှုန်းခဲ့ မိတဲ့ နင့်နှလုံးသား
မိတ်ကပ်ရောင် ပါးပါးနဲ့ ဘောင်ခပ်ထားမှန်း
ငါ့ အိမ်မက်ထဲတောင် မယောင်ခဲ့ ပါဘူးချစ်သူရယ်။
မျက်ဝန်းတွေ စွတ်စို
အနုတ်ရှိရာ အရပ်ရဲ့ 
မျက်နှာချင်းဆိုင်မှာ ငါရပ်နေမိတယ်။
အတ္တတစ်ခုရဲ့  ရဲရင့်ခြင်း ခရီးစဉ်အဖြစ်နဲ့ ပေါ့။
♥♥♥ကဗျာရိပ်♥♥♥
June.13.2013
♥♥♥♥ http://kabayaryeik.blogspot.com/♥♥♥♥
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment