Monday, July 1, 2013

♥♥♥ မှန်တစ်ချပ်ရဲ့ အမြင်အာရုံ ♥♥♥

♥♥♥ မှန်တစ်ချပ်ရဲ့ အမြင်အာရုံ ♥♥♥ 


ပြုံးလိုက်ပါ ချစ်သူ
နားခိုခြင်းရဲ့ လမ်းတစ်ဝက်မှာ
အမြင် အာရုံတွေ မပျောက်ဆုံးချိန်ထိပေါ့။

ငါက.....မုသားတွေကိုကျောခင်း
နှလုံးသားအတုကိုဆောင်ထားခဲ့တာဆို
ဒါဆို...
အမှန်တရားရဲ့ နောက်ကွယ်က
ပြဒါး ပဲ့ပါးပါးက နင်ကိုလှောင်နေလိမ့်မယ်။

မိုးချိုမ့်သံ သဲ့သဲ့ကြားကာမှ
ငါနှလုံးသားမှာ ရွှေလကသာရတယ်
ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ တောင်းဖို့ 
မျှော်လင့်ချက်မဲ့တဲ့ ကောင်းကင်ယံမှာ
ကြယ်ကြွေဖို့ နောက်ကျခဲ့ရတဲ့အဖြစ်။

အချစ်တွေပြုံးတဲ့ မနက်ခင်းကချိုတယ်
ငါဘ၀ရဲ့ အစိတ်အပိုင်းတစ်ချို့ ကခါးတယ်
အမြင်အာရုံတွေ မကျဉ်းချင်ဘူးချစ်သူရယ်
ငါရေးခဲ့တဲ့ ပေလွှာတိုင်း နင့် စာမျက်နှာနဲ့ နိုးထချင်တယ်။

ချစ်သူရေ......
ရေးမိခဲ့သမျှကဗျာ
ဖတ်မိသမျှ စာတွေထဲမှာ
ဥပက္ခာကို ကျောချင်းကပ်
တံဆိပ်ကပ်မိလိုက်တာ ဒီနေ့ ပဲ။

♥♥♥ကဗျာရိပ် ♥♥♥
June.15.2013

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates