Tuesday, July 2, 2013

♥♥♥ သစ္စာနှင့်ချည်သောကြိုးတစ်စဧ။်နောက်ကွယ်♥♥♥

♥♥♥ သစ္စာနှင့်ချည်သောကြိုးတစ်စဧ။်နောက်ကွယ်♥♥♥
အတိတ်တွေကိုတူးဆွလို့ 
အချစ်သစ်ပင်လေး တစ်ပင်စိုက်ပျိုးခဲ့မိတယ်။
ငါဘ၀က မှောင်ခဲ့တယ်..

တကယ်ပါ လောကနံရံတွေပြိုကျ
တောင်ကံပါးရံတွေရဲ့  ပဲ့ကြွေသံ
ငါ့ရင်ဘတ်ထဲမှာ တစ်စစတိုးလို့ ပေါ့။
အလှအပတွေ စီခြယ်ထားလည်း
ငါ့နှလုံးသား လောင်တယ်။
ရွှေအတိနဲ့ ခြယ်မှုန်းထားလည်း
အတွေးတွေက စိမ်းတယ်။
မလှမပရက်လုပ်ထားတဲ့
အလွမ်းထုထည်က
တိတ်တိတ်လေးလှမ်းခေါ်နေခဲ့တယ်။
ခုံပြာတန်းလေးတွေ အစိမ်းရောင်ဖြစ်ပြေးတော့
ငါ့ရင်တွေခုန်လိုက်တာ
တောင်ပြာတန်းတွေ ငိုသံကြားတော့မှ
အသံတိတ်အချစ်နဲ့  နောင်တတွေထုတ်ပိုးခဲ့ရတယ်။
မှတ်တိုင် ဗလာနဲ့ ခြေလျှော်လက်လျှော်ပါပဲလား
ချည်သောကြိုးမမြဲခဲ့တာလား
အပြန်လမ်းတွေစိမ်းခဲ့တာလား
မေးမရလို့ အတွေးတွေ ပင်လယ်ဝေခဲ့ရပေါ့သူ။
သိက္ခာမဲ့သူရဲ့ ဖွင့်ဟချက်
တစစ်စစ်နာပြီ့း တစ်ရစ်တိုးဖို့ 
နင့် သစ္စာတွေ တည်ခဲ့ရိုးလားရှင်
အမှတ်မရှိတဲ့အသည်းတဲ့လား
ဒါဟာလည်း ပညတ်ချက်တွေ
ထုံးမွမ်းထားတဲ့ အသိုင်းအ၀ိုင်းတစ်ခုရဲ့
စာမျက်နှာ တစ်ခုပါပဲချစ်သူရယ်။

♥♥♥ ကဗျာရိပ် ♥♥♥
June.16.2013

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates