♥♥♥ ရင်ဝှက်ပန်းချီကား ♥♥♥

ချစ်သူ........
ဘောင်ဆိုတဲ့ နှလုံးသားအမြုတေ
ကျမ ဦးနှောက်ကိုလာလာခတ်နေတာ
ဒီနှစ်နဲ့ ဆို ရာသီစက်ဝန်းအလွန်ကိုတောင်
ရောက်လို့ နေခဲ့ပြီ။
နှလုံးသားက ခပ်ပါးပါးရယ်
ခရေ ကြွေလို့ မြေခရတာမဆန်းပေမဲ့
ရင်ကွဲလမ်းဆုံက ကျမရင်ခုန်သံအနာတရဖြစ်တာ
ကြယ်ကြွေသလိုတော့ မတောက်ပနိုင်ဘူးရှင်။
ငါ့အချစ်က ဖန်ခွက်လိုသဘောနဲ့ 
နုနုရွရွလေးချစ်ခဲ့တာပါ......
ပေမမှီဒေါက်မမှီနဲ့ အချစ်ကို ကာရံဖွဲ့ 
ငါ့မနက်ခင်းတိုင်း အချစ်တွေနဲ့ ရွဲလို့ နေခဲ့တယ်။
အလွမ်းတွေ့ ငိုတဲ့နေ့ က
စက္ကူဖြူတွေ သွေးစွန်းလို့ 
အနှိုင်းမဲ့တဲ့ ငါ့မေတ္တာတရားတွေ
ချောင်ထိုးခံခဲ့ရတဲ့ အဖြစ်။
သတ်ပုံတွေပေါင်းနေတာမဟုတ်ဘူးချစ်သူ
ရင်အပ်နှင်းလို့ ချစ်ပွဲဝင်ခဲ့တာ
အညတရ တွေနဲ့ ထုံးမွမ်းတဲ့
ငါ့ရင်ဝှက်ပန်းချီကားးးး
သွေးနီ ရဲရဲစွန်းပေခဲ့ရတာ
မြေတွေတောင် ကွက်လပ်မဲ့အဖြစ်နဲ့ ပေါ့။
♥♥♥ ကဗျာရိပ် ♥♥♥
June.16.2013
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment