main |
sidebar
ရေးသားတင်ဆက်သူ
Unknown
ဒီအချိန်မှာရေးခဲ့သည်
1:28 PM
♥♥♥အလွမ်းတွေငိုတဲ့ ကျမရဲ့ ညနေခင်း ♥♥♥

အက်စစ်ချိုတွေထည့်ထားခဲ့မိတဲ့
ကျမ ရဲ့ ညနေခင်းတွေ
လောင်ရိပ် အမိုးခံခဲ့ရတဲ့နေ့ က
ဥတုရာသီတွေ မဲ့ပြုံးပြုံးခဲ့တယ်။
အလွမ်းဆိုတာ ကမ္ဘာပတ်ပြီးရှာဖို့ 
ဘယ်သံပတ်နာရီကမှ မစေခိုင်းခဲ့ဘူး
လှပမူတွေ စုတ်ဖြဲခံရလို့ 
နှလုံးသွေးတွေ ရှတတဖြစ်ခဲ့ရုံက (လွဲရင်ပေါ့)
အတ္တသားကောင်တွေ အရူးမီးဝိုင်းဖြစ်တဲ့နေ့ က
ငါ့ရင်ဘတ်ကို မော့ကြည့်မိတယ်
ဥပက္ခာတရားတွေ စီးမိုးထားတာ
ဒီနေ့ ဆို ဘယ်နှစ်ရက်မြောက်ခဲ့ပြီလည်းလို့ ပေါ့။
သခင်ရယ်.........
နှုတ်ခမ်းဖျားကလာတဲ့ချစ်စကား
ကျမ နှလုံးသားနဲ့ ခံယူခဲ့မိတာ
ရင်ခုန်သံတွေ ဖျားနာနေခဲ့ ပြီလေ။
ဒါက အချစ်ရဲ့ကောက်ကြောင်းဆိုရင်
ကောက်ကြောင်းမဲ့တဲ့ ကျမရဲ့အလွမ်းက
နှစ်သိမ့်ဆု ဖြစ်ခဲ့ရတာပေါ့ရှင်ရယ်။
ကျမရဲ့ ညနေခင်းတွေ
အလွမ်းတွေနဲ့ နိုးလာခဲ့တယ်။
အိမ်မက်မဟုတ်ဘူး သခင်
ရှင့်ပစ်ချခဲ့တဲ့ မျှားတစ်စင်းက
သိသိသာသာ ကျမရင်ကို စိုက်ဝင်ခဲ့မိတာပါ။
အမှန်တရားတစ်ခုရဲ့ နားခိုရာ အလွမ်းတွေကင်းတဲ့ချစ်ခြင်းဖြစ်ရပါလိုဧ။်
(ရေးချင်းရာရေးသည်။)
♥♥♥ကဗျာရိပ် ♥♥♥
June.18.2013
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment