Wednesday, July 3, 2013

♥♥♥ အမုန်းပင်ကြားက အချစ်မြက်တစ်ပင် ♥♥♥

♥♥♥ အမုန်းပင်ကြားက အချစ်မြက်တစ်ပင် ♥♥♥


အချစ်နဲ့ ကျမ လိုက်တမ်းပြေးတမ်း
ကစားခဲ့ဘူးတဲ့အချိန်တွေတုန်းက
နွယ်မြက်တွေတောင် ဆေးဖက်ဝင်ခဲ့ကြတယ်။

မှင်သက်ငေးမောတဲ့ အကြည့်တွေက
ဒီရင်ကို လာလာရိုက်နေတာ
မနှစ်မြို့ လို့ မဟုတ်ပါဘူးချစ်သူ
နှစ်ချို့ သွားမှာ စိုးထိတ် မိလို့ ပါ။

အကြားအာရုံထုံထိုင်းသွားစေဖို့ 
ပါဝါမဲ့မျက်မှန်တွေ ခဏခဏချောင်းကြည့်မိတယ်
တစ်ပွင့်ကြွေပီး တစ်ပွင့်ဝေတိုင်း
အချစ်မြက်ပင်တွေ စိမ်းလန်းပါစေလို့  (စိတ်အထင်)

အမှတ်မရှိတဲ့ သင်ရိုးက
ခဏ ခဏငိုနေတယ်
အမုန်းမရှိတဲ့ မြို့ ရိုးမှာ
ခတ္တလောက် အိပ်စက်ခွင့်ပြုပေးဖို့ 
အမုန်းပင်တွေ အဆိပ်သင့်ပေးပါတဲ့

ဖြစ်နိုင်ရိုးလား လောကကြီးရယ်
အညတရမို့  လက်လှမ်းဖို့ ခက်လှပါတယ်
အတွေးကြပ်ကြပ်နဲ့ ရေးမိရေးရာရေးတော့
အချစ်တွေ မြက်ပင်ဘ၀နဲ့ နိဂုံးမဲ့ခဲ့ရတယ်။

စေတနာကို ထုံးမွမ်း
အရေးကြုံလို့ ပြောလိုက်ပါရစေ
ကျမနားမှာ အမုန်းတွေကာရံပျိုး
အချစ်တွေက သွေဖယ်လို့ နေခဲ့တယ်။

♥♥♥ကဗျာရိပ် ♥♥♥
June.19.2013

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates