အနမ်းနေ့ စွဲ.....တစ်ထောင့်ငါးရာ

ကောင်လေးရေ........
နေ့ စွဲတွေကို ရေတွက်ရင်း
ကျောခိုင်းသွားခဲ့တဲ့  နင်ရဲ့အချစ်တွေကို
အမှတ်မရှိ တဲ့ ငါ့အသည်းက
နင့်ရဲ့ အသက်မပါတဲ့အနမ်းတွေနဲ့ အတူ
တမ်းတစွာ မက်မောခုံမင်နေခဲ့ဘူးတယ်...........
ကောင်လေးရေ...........
ဘ၀ပေး မလှပေမဲ့
ရှိစုမဲ့ စု စုဆောင်းထားတဲ့
ခပ်နုံနုံ ဒီအချစ်က
ငါ့ရင်မှာ ခိုအောင်းနေခဲ့ပြန်တယ်........
ကောင်လေးရေ
သံသရာ တစ်ဖက်ခြားမှာ
ကံဇာတာ မှေးမှိန်ခဲ့ရင်တောင်
ဒီရင်လွှာတွေ ကွဲကြေပါစေ
ဥပက္ခာတော့ မပြုပါရစေနဲ့ ကွယ်.........
ကောင်လေးရေ.....
ပေပါတွေ အများကြီးကြားက
အနာအဆာလေးတွေကို...
စေတနာ အရင်းခံပြီး
နည်းနည်းလောက်မျှဝေမယ်ဆိုရင်ပဲ
ဒီလိုလူ ငါအတွက်က.....
မျှားမကုန်ခင် စစ်ရူံးရမဲ့
အချစ်ရူံးသမား တစ်ယောက်ပါ.....
ကောင်လေးရေ........
တကယ်ဆိုလျှင်.......မမြင်နိုင်တဲ့ကံကြမ္မာ
ကြယ်ကြွေတိုင်းဆုတောင်ပြီး
ငါ့ရဲ့ ခပ်ရှာရှာ ဆုတောင်းကို
နင်ဖြည့်မယ်ဆိုရင်ပဲ
အဖြည့်ခံသူ ငါရဲ့ 
ရှိုက်ငိုသံ သည်းသည်းတောင်
နင်ကြားနိုင်မှာ မဟုတ်ပါဘူးးးးးးးး
ကောင်လေးရေ........
ကြေကွဲ ကမ္ဘာထဲမှာ.......
အနမ်းမရှိတဲ့ နေ့ စွဲတွေကို
ရူးမိုက်စွာ တပ်မက်ရင်းးး
ရင်ခုန်ခဲ့ရဘူးတဲ့ အတိတ်တွေကို
ကြွေလုဆဲ အသည်းကြားက
ငိုက်မြည်းနေတဲ့ သူတစ်ယောက်ရဲ့
အဖြစ်ကို နင်မြင်လှည့်စမ်းပါကွယ်............
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment