Friday, June 14, 2013

အသည်းစကားများ မကြားလိုပါ

အသည်းစကားများ မကြားလိုပါ

သိပ်ချစ်ပါတယ် ပြောတုန်းကတော့
ပြုံးပန်းတစ်ရာ ပွင့်သလိုနယ်
သိပ်လွမ်းပါတယ် ပြောတုန်းကလည်း
လွမ်းတတ်လိုက်တာ သိပ်အကဲပိုတယ်
အချစ်ဇောမှာ အနစ်မျောပြီး
နေ နဲ့ လ လို့ အဖြစ်မျိုးနဲ့ 
မကြုံပါရစေနဲ့ ဆုတောင်းခဲ့တယ်
ချစ်တယ် ချစ်တယ်
အချစ်ရယ်လို့ သေချာမှပဲ ပြောပေးပါကွယ်..
လွမ်းရဆွေးရ ခံစားမှု့ ကဒီသံသရာပဲရှိခဲ့လိုပဲ
သစ္စာမေတ္တာ ထာဝရဆိုတာ မှန်ကန်အောင်ပဲ ပြောပေးပါကွယ်
အသည်းစကားများ မကြားလိုတာ နှစ်ပေါင်းထောင်ချီရှိခဲ့ပြီပဲ...
ငိုခြင်းရှည်ရင် အိမ်မက်ရှည်တတ်တယ်
အိမ်မက် မရှည်ချင်ရင် အပြုံးကိုရင်ဝယ်ပိုက်
အလှဆင်ပြီး မပြစ်မမြင်ခင်ကပဲ
လမ်းခွဲလိုက်ကြပါစို့ ကွယ် ။
ကျေးဇူးတင်လျက်

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates