အဝေးရောက်ချစ်သူ များအတွက်ကဗျာလက်ဆောင်
လွမ်းမောဖွယ်ရာအတိတ်ရဲ့ကောက်ကြောင်းကို
နင့်မေ့ပေမဲ့ ငါမမေ့ဘူး
ချစ်စရာကောင်းတဲ့ ငါတို့နှစ်ယောက်ဇာတ်လမ်းကို
နင်သိမ်းချင်ပေမဲ့ ငါမက်မောတယ်
ကြည့်ခဲ့ဘူးတဲ့ ဒီမျက်နှာကို
နောင်ဆယ်ကမ္ဘာ ဆယ်သက်ရောက်တောင်
အတ္တရဲ့ နောက်ကွယ်က တပ်မက်မှု့ ဆိုတာ
နင်ကိုချစ်တာ တစ်ခုပဲရှိပါတယ်
ငါနှလုံးသားတစ်ခုကို
သုံးမရတဲ့အ၀တ်တစ်ခုလို့ 
ခြေနင်းတစ်ခုအဖြစ်အသုံးချခဲ့ပြီမှ
ငါကကော နင်မျက်နှာပေါ်က
ပ၀ါတစ်ခုဖြစ်ချင်နေခဲ့ပါမလား
ပြောရက်တဲ့ စကားနားခါးမယ်ဆိုလျှင်တောင်
နင့်အတွက်ဆို သကာရည် သူတ်လိမ်း
နားဆင်နိုင်အောင်ကြိုးစားနေအုံးမှာပါ.....
ဒါပေမယ်လည်း ငါချစ်တဲ့ အချစ်
နင်အပေါ်မြဲနိုင်ဖို့ 
အလွမ်းတောထဲမှာ ရှင်သန်နိုင်မဲ့
အချစ်သစ်ပင်
တစ်ပင်တော့စိုက်ပျိုးနေရအုံးမှာပဲ
နင်မသိပေမဲ့ နင်သိစေချင်လို့ ပါကွယ်......
သူငယ်ချင်းအားလုံး ရွင်လန်းကြပါစေ

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment