Thursday, June 13, 2013

ကြယ်မစုံရင် မငိုချင်ဘူးးး

ကြယ်မစုံရင် မငိုချင်ဘူးးး

တွေးမြော်ရတာ လည်းမောလှပြီ
လမသာတဲ့ ညလည်း များခြဲ့ပီ
ချစ်စရာ ကွင်းပြင်ကြီးထဲမှာ
အချစ်သစ်ပင်လေးလည်း စိုက်ခဲ့သည်။


လွမ်းစရာလေးတွေလည်း ရှိခဲ့သည်
စက္ကန့်မခြားပဲ လွမ်းခဲ့ပြီ
အလွမ်းမိုင်တိုင် ၁၅၀၀ရဲ့ အစွန်းတစ်ဝက်ကိုကျော်ခဲ့သည်။
လွမ်းစရာ နယ်နိမိတ်မှာ အချစ်အပိုင်းအစတွေလည်း လွင့်ပြယ်ခဲ့ပြီ


နာကျည်းစရာတွေလည်းရှိခဲ့သည်
ရင်နှင့် မမျှအောင်လည်း ခံစားခဲ့ဘူးပြီ
ငိုရမှာကြောက်လို့ မျက်ရည်တွေကိုသိမ်းဆည်းခဲ့ဘူးသည်။


ကြိမ်ဆိုဆုတောင်းအခါခါကို
မြတ်ဘုရားထံဆုပန်ပါရစေ
တပည့်တော်မျက်ရည်
ကြွေလုစဲတွင် ကြယ်တွေလင်းလက်
တောက်ပပါရစေ.......


ကြယ်တွေစုံမှ ငိုပါရစေ......
ဆုတောင်းမှန်ကပြည့်မည်ဆိုလျှင်
ကျသည့်မျက်ရည်
ထာဝရရဲ့လက်တစ်ကမ်းမှာ
မေးတင်ရုံလောက်ရှိပါရစေ......
ကျေးဇူးတင်လျက်

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates