ချစ်ခြင်းတွေများ မတူခဲ့လေသလား
တစ်သက်လုံးအတွက် သိမ်းဆည်းခွင့်ကို
တခဏအတွင်းမှာ မေ့ပျောက်ဖို့ ဆိုတာ
နင့်က ဖြစ်နိုင် ပေမဲ့ ငါ့အတွက်တော့
မဖြစ်နိုင်သေးဘူးးး
ငိုရသည့် မျက်ရည်
ခမ်းခြောက်သွားရင်တောင်
အကူခေါ်ပြီးငိုချင်သေးတယ်
ပန်းစပယ်မှ မွေးတတ်သလား
ခရေမှာလည်း မြေခပေမဲ့
ဝေတတ်ပါတယ်ချစ်သူရယ်......
လွမ်းစရာကိုနာစရာနဲ ဖြေဖို့ 
ငါမှာ ဖြေစရာ မြေမရှိသေးဘူး
နာကျည်းမှု့ ရဲ့တစ်ဖက်တစ်ချက်က
အချစ်ပေလွာလေးမှာတော့
နင်အတွက် နေရာတွေကျန်သေးတယ်ချစ်သူ
အချစ်ခြင်း မညီလို
့မချစ်ခဲ့ဘူးဆိုရင်တောင်
အသစ်ချင်းတူနေတဲ့ ငါကို
ဥပက္ခာတော့မပြုလိုက်ပါနဲ့ကွယ်
သူစိမ်းဆန်သော စကား
ကြားလေသွေးမှာတောင်ကြောက်နေရသူပါ.....
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment