.♥♥♥မေတ္တာနှင့်ကမ်းသောလက် .♥♥♥

တကယ်တော့ ကျမအဖြစ်က
အချစ်ကျမ်းမကျေခဲ့တဲ့
နှလုံးသားရိုင်းရိုင်းကိုမှ
ဆွဲလိုလည်းခေါ်ယူ
မူအပိုတွေပြနေမိခဲ့တယ်။
အကြင်နာနယ်နိမိတ်ရဲ့ အလွန်
ပြုံးလို့ လည်းမပြမိပါပဲ
ရင်ထဲက နာရီစင်တွေ
အချက်ပေးလို့ နေခဲ့တာ
သန်းခေါင်းချိန်တွေ တောင်ကျော်လွန်ခဲ့ပေါ့။
မေတ္တာနယ်လှည့်ပွဲကြီးကတော့
အလွမ်းတွေ မနိုးနိုင်တဲ့ညမှ
ကောင်းကင်ယံ ကြယ်တွေဝေနေခဲ့ရတဲ့အဖြစ်ပါလား။
.♥♥♥ကဗျာရိပ်.♥♥♥
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment