Offline အချစ်
ခံစားရသည့် ဒီရင်ဘတ်က
နှလုံး သွေးနဲ ချည်နှောင်
သစ္စာကိုအဖော်ပြု
မေတ္တာ ကို ထာဝရပေါင်းပြီ
ချစ်တတ်အောင် သင်ပေးခဲ့တာ
ထာဝရ အတွက် တစ်ယောက်သာ
ငါ အသက်ဆက်ထိ ချစ်နေတာကို
အပြုံးကို ကမ်းလင့် ........
ငိုခြင်းကို ခတ္တာရပ်ဆိုင်းပြီး
နင့် ရဲ့ ရင်ဘတ်ထဲ
တစ်ခဏတာနေခွင့်ရခဲ့တယ်
ဆူးပါတယ် ဆိုမှ နာလားတဲ့
ငိုပါတယ်ဆိုမှ ၀မ်းနည်းလားတဲ့
ချစ်တာကို သစ္စာနဲ့ ပေါင်း
ထာဝရချစ်ချင်တဲ့ ငါကို
ရင်နာ စရာ ဒီပေလွှာမှာ
ထာဝရ မှေးစက်ခွင့်လေးတော့
ပေးခဲ့သင့်တာပေါ့
အခုတော့လဲကွယ်
အချစ်ကို ခုတုံးလုပ်
သစ္စာကို အရောင်ခြယ်
မေတ္တာပျက်ချိန်ရောက်မှတော့
ငါနှလုံးသားက မင်းကို အော့ဖ်လိုင်းအဖြစ်နဲ့ 
SORRY တဲ့..............
ကျေးဇူးတင်လျက်

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment