အချစ်ရသ
ကောင်လေးရေ...
နှလုံးသွေးတွေလည်း ချာချာလည်နေပြီ
မူးနောက်အောင်လုပ်မည့် အစား
ရူးသွားအောင်လုပ်လိုက်ပါလားကွယ်..
အပေါ်ယံအထည်တစ်စနဲ့ 
လူမြင်တကာကို ကြူပြမနေပါနဲ့ 
မှားယွင်းချက်ရဲ့ သတိတစ်ချက်
အလွဲလွဲအမှားဖြစ်ကာမှ
ခါချမယ်ဆို ငါ့အသည်းက စက်ယန္တာရားတစ်ခုမဟုတ်ဘူး.......
.
နှင်းဝေနေတာမဟုတ်ဘူး ချစ်သူ
အသည်းကြွေနေတာ......
အစွဲကြီးပေမဲ့ အမြဲတမ်းတော့မဟုတ်ပါဘူး
မှန်လို ပြုံးတတ်ပေမဲ့ ....ပြဒါးကြွေမှန်တစ်ချပ်တော့မဖြစ်ပါရစေနဲ့ ....
နွေလည်လရဲ့  ဆောင်းအ၀င်တစ်ညလို့ 
ခပ်ပါးပါး အလွမ်းတွေနဲ့ 
မိုးခို ညတစ်ညရဲ့  ရယ်သံတစ်ချို့ 
မှေးမှိန်စပြုလာပြီကွယ်....ငါမငိုတော့ပါဘူး
နှင်းဝေပေမဲ့  အသင့်မကြွေနိုင်သူငါ့အတွက်
လွမ်းစရာ တစ်ခန်းရပ်ကို......နှစ်ပါးမစုံ
တစ်ပါးတစ်စုံနဲ့ ကနေရအုံးမယ်ချစ်သူ........
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကိုထာဝရလေးစားလျက်ပါ
မေဟန်နီ


0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment