ကျေနပ်ပါတယ်.
ကျေပါစေတော့ကွယ် အနှစ်တစ်ရာမက
ချစ်ခြင်းတွေဖလှယ် ရင်ဝယ်တမ်းတ
မေ့မရလည်း ဒီစိတ်တွင်းဝယ်
ဗလောင်ဆူလည်း ကျေနပ်တယ်........
ကြွေပါစေတော့ကွယ် ဒီအသည်းတွေ
ပန်းရိုင်းတစ်ပွင့် ကျောက်ရိုင်းတုံးပမာ
ကျောက်ဆောင် ကျောက်ခဲမာကျောသည့်တိုင်
ဖြတ်မရသည့် ဒီသံယောဇဉ်...မေ့မရသည့်တိုင်
ကျေနပ်တယ်................
မုန်းမေ့ရက်စက် ကျေခိုင်းသည့်တိုင်
လွမ်းစက်ရိပ်ဝယ် ခိုနား ကျန်ရစ်
အလွမ်းနိဒါန်း အမုန်းမျြိ့ ရိုးမှာ
အထီးကျန်ခဲ့ပါစေ ချစ်နေရရုံ နဲ့ ကျေနပ်တယ်............
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ.......


0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment