မျက်ရည်နဲ့ နှစ်သိမ့်ခြင်း
မျက်ရည်မာယာ ကောက်ကြောင်းရဲ့
အဆုံးမရှိတဲ့ လမ်းတစ်ဝက်မှာ
နင့်ရဲ့ တစ်သက်တာ အလွှဲတွေရှိခဲ့တယ်.
နှစ်သိမ့်ခြင်းဆိုတာ အားနည်းသူရဲ့ ခံယူချက်ဆို
ပတ်သတ်သူရဲ့ ဝန်ခံချက်ဆိုတာတော့
နင်လက်ခံနိုင်ရဲ့လားးးးးးးး
ခံစားချက်ခြင်းမတူတဲ့ ဒီနှလုံးသားမှတ်တိုင်မှာ
ရပ်စောင့်နေလည်း နင်မောနေလိမ့်မယ်
ထုတည်တွေမကြီးမားခဲ့တဲ့ ငါအချစ်
အပြစ်ဖွဲ့ နေတဲ့ နင်ရဲ့ နှုတ်ဖျား မှာ
အမုန်းသံတွေက စီစီရီရီပါလားကွယ်......
မနှစ်သိမ့်ပါနဲ့ ငါမျက်ရည်မိုးက
ရွာသွန်းဖြိုးလို့ မိုးဥတုဖြစ်မယ်ဆိုရင်တောင်
ရွာတဲ့ မိုးသည်းနေပါစေ.....
ကြေမွသွားတဲ့ အမုန်းတိမ်တိုက်တွေထဲမှာတော့
အချစ် မိုးဖြင့် ရွာမချနိုင်တော့ သေချာပါတယ် ချစ်သူ..........
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment