ချစ်သူရေ....
ချစ်ခွန်းသီဖွဲ့ ချစ်ခြင်းစကားတွေ
ရင်မှာလှိုင်းထန် ..
မေ့မှာတမ်းမှာ ကမ္မည်းထိုးပြီ
ချစ်ကြောင်းလေးတွေ ပြောချင်တယ်.....
ရင်ဝှက်စကား တီးတိုးရိုက်သံ
နှင်းစက်ဖွေးရာ အချစ်အရာထင်လို့ 
ရက်ဆက်တိုင်းပဲ..
လွမ်းချင်တယ်......
ရင်နှစ်သည်းချာ....တစ်ဘ၀စာမို့ 
ရက်စက်မုန်းတိုင်း ကြံကြံခံပြီ
နားလည်မှု့ တွေ မြဲမြံစွာနဲ့ 
မေ တို့ လက်တွေမြဲချင်တယ်.....
မေတ္တာတွေ ရစ်ကာချည်နှောင်
သစ္စာတွေ အထပ်ထပ်နဲ့ 
အချစ်တွေမယိုင်လဲအောင်..
နှစ်တစ်ရာမက ချစ်ချင်တယ်..........
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ.


0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment