အတ္တရဲ့ နောက်ကွယ်....
သူငယ်ချင်းရေ........
အပေါ်ယံ အလွှာတွေဖုံး
သကာချိုတွေ သုတ်လိမ်းပြီ
နှုတ်ဖျားကစကား ပဲတင်သံက
အထပ်ထပ်နဲ့ ဆင်ခြင်တွေပေးနေတာ
နင့်ကို ညာနေတာ.....
သူငယ်ချင်းရေ........
ယုံချင်ယုံ မယုံချင်နေ
လှမ်းတဲ့ခြေလှမ်း မယိုင်နိုင်အောင်
ချည်တဲ့ ကြိုးအထပ်ထပ်နဲ့ ကာရံထားတာ
မာနကို အစဉ်သာဖုံးလို့ 
ပညာရှိစကားတွေသုံးနေတာက
နင့်ကို ရက်စက်နေတာ........
သူငယ်ချင်းရေ.....
ချစ်ပါတယ်ဆိုပြီ့း နှူတ်ခမ်းဖျားမှာမှေးတင်
မချစ်ခင်တော့ အပြုံးတစ်ပွင့်
ချစ်ရင်တော့ သံသယတွေခင်းပြီး
အမြင်ကျဉ်းပြီး ဘောင်သေးနေတာက
သူရဲ့အတ္တကို ဖုံးကွယ် နှစ်လိုဖွယ်ရာအပြုံးနဲ့ 
နင့်ကို သင်ခန်းစာတွေပေးနေတာ........
သူငယ်ချင်းရေ.......
လှိုင်းကြမ်းနေပါစေ..
လှမ်းတဲ့ ခြေလှမ်း အတ္တကင်းပါစေ..
မလိုမုန်းထား မေတ္တာပျက်ပါစေ
ချစ်စရာမျက်နှာ အပြုံးတစ်ရာနဲ့ 
အနာဂတ်လှပစေဖို့ အတ္တကိုခ၀ါချ
မေတ္တာစစ်တွေ ပက်ဖျန်းနူိုင်ပါစေ........

ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကိုထာဝရလေးစားလျက်ပါ
မေဟန်နီ
သူငယ်ချင်းရေ........
အပေါ်ယံ အလွှာတွေဖုံး
သကာချိုတွေ သုတ်လိမ်းပြီ
နှုတ်ဖျားကစကား ပဲတင်သံက
အထပ်ထပ်နဲ့ ဆင်ခြင်တွေပေးနေတာ
နင့်ကို ညာနေတာ.....
သူငယ်ချင်းရေ........
ယုံချင်ယုံ မယုံချင်နေ
လှမ်းတဲ့ခြေလှမ်း မယိုင်နိုင်အောင်
ချည်တဲ့ ကြိုးအထပ်ထပ်နဲ့ ကာရံထားတာ
မာနကို အစဉ်သာဖုံးလို့ 
ပညာရှိစကားတွေသုံးနေတာက
နင့်ကို ရက်စက်နေတာ........
သူငယ်ချင်းရေ.....
ချစ်ပါတယ်ဆိုပြီ့း နှူတ်ခမ်းဖျားမှာမှေးတင်
မချစ်ခင်တော့ အပြုံးတစ်ပွင့်
ချစ်ရင်တော့ သံသယတွေခင်းပြီး
အမြင်ကျဉ်းပြီး ဘောင်သေးနေတာက
သူရဲ့အတ္တကို ဖုံးကွယ် နှစ်လိုဖွယ်ရာအပြုံးနဲ့ 
နင့်ကို သင်ခန်းစာတွေပေးနေတာ........
သူငယ်ချင်းရေ.......
လှိုင်းကြမ်းနေပါစေ..
လှမ်းတဲ့ ခြေလှမ်း အတ္တကင်းပါစေ..
မလိုမုန်းထား မေတ္တာပျက်ပါစေ
ချစ်စရာမျက်နှာ အပြုံးတစ်ရာနဲ့ 
အနာဂတ်လှပစေဖို့ အတ္တကိုခ၀ါချ
မေတ္တာစစ်တွေ ပက်ဖျန်းနူိုင်ပါစေ........

ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကိုထာဝရလေးစားလျက်ပါ
မေဟန်နီ
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment