Saturday, July 20, 2013

နှလုံးသားလေး လွမ်းနေပြီ..

နှလုံးသားလေး လွမ်းနေပြီ..
အချစ်တဲ့.....
မျှော်လင့်ချက်မဲ့ သစ်ပင်အိုလေးရေ......
နွေခေါင်ခေါင်...အရိပ်မဲ့သလို.
ဆွေးမြေ့အသည်း အဆိပ်ခက်တွေ
ရင်ဝယ်မှာ ကြွေလွယ်နေခြဲ့ပီ....
အမုန်းတဲ့.....

ကြမ်းကြုတ်စွာ အစကိုဆွဲထုတ်
မုသားကို ဖြေဆေးတစ်ခွက်လိုသုံး
အနောက်တောင်မုတ်သုံလေရဲ့
ကျီစယ်မှု့ ကို ခုခံအားတွေမဲ့စွာနဲ့ 
နင့်အမုန်းကိုခံယူနေရပြီ..........
အလွမ်းတဲ့.........
ခြေရာတွေထပ်တာ အဖြေရှာလဲမောရုံပဲနော်
ပျော်တော်ဆက်သလို သုံးချင်သလိုသုံး
လိုရာကို ပုံသွင်းပြီ ဖယောင်းလိုလည်း
မပျော့ပျောင်းနိုင်ခဲ့လေတော့
အလွမ်းတောမှာလည်း နစ်မွန်းခဲ့ရပြီ........
ငါ့ရဲ့နှလုံးသားတွေ ကြွေမွခဲ့ရင်တောင်
လွမ်းရုံသက်သက် နှလုံးသားအသစ်စက်စက်က
အချစ်တံတိုင်းကို ကာရံ သစ္စာတွေချည်ပြီ
ငါ့နှလုံးသားကလွမ်းနေခဲ့တာ....
အစစ်တွေပါ......ချစ်သူရယ်..............
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကိုထာဝရလေးစားလျက်ပါ
မေဟန်နီ...

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates