Saturday, July 20, 2013

ဇာတ်ညွှန်းမရှိတဲ့ အချစ်

ဇာတ်ညွှန်းမရှိတဲ့ အချစ်
ယုံလွယ်အောင် စကားတွေနဲ့ ချည်နှောင်ပြီ
အပြုံးတုတွေကို တပ်ဆင်ထားလည်း
ငါ့ရဲ့နှလုံးသားက လက်ခံခဲ့ဘူးတယ်.......
မာယာတွေနဲ့ ရောပြီ ကျခဲ့တဲ့မျက်ရည်ကို
အသုံးချခံလက်နက်ဖြစ် အသုံးပြုနေမှန်းသိလည်း
နင်ရှေ့ မှာ ဒူးထောက်ခဲ့ဘူးတယ်........

ပေါ့ပျက်ပျက်အတွေးတွေနဲ့ 
အများရှေ့ မှာလှောင်နေခဲ့လည်း
မသိချင်ယောင်ဆောင်ပေးခဲ့ဘူးတယ်..
အဲဒါတွေအားလုံးကလေ.....
အဆုံးမရှိတဲ့ ခရီးရှည် တစ်ခုကို
နင်မပါပဲ မလျှောက်ချင်လို့ ပေါ့ ကောင်လေးရယ်.........
မှတ်တမ်းထဲမှာ ရေးခဲ့တဲ့ ငါ့စာမျက်နှာတွေ
မှင်ရေ ပျက်ပြီ အရောင်နွမ်းသွားရင်တောင်
ငါ့နှလုံးသားက ချစ်နေတဲ့အချစ်တွေက
တစ်ဆစ်ဆစ်နဲ့ အရည်ပျော်နေခဲ့တာပါ.ချစ်သူ.
အချစ်ရဲ့ ဇာတ်ညွန်းက မဖတ်ခင်က ဆုံးခဲ့ပြီ.
လိုက်ဖက်မညီတဲ့ အနားသတ်တွေနဲ့ 
အလွမ်းဒဏ်သင့်ခဲ့တဲ့ ငါ့အချစ်တွေ
မှောက်မှားလို့  နင့်ရှေ့ ရောက်ခဲ့ရင်
ဘုရားစူး ကျိန်ပါရစေ......
အချစ်ဆူး စူးပြီးး အချစ်ရူးတစ်ယောက်ဖြစ်ပါစေ ........
ချစ်တတ်သူများပြုံးပျော်နိုင်ပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ....

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates