Sunday, July 21, 2013

အထင်နဲ့ အမြင်ခွဲခြားနိုင်ပါစေ

ပျော်ရွှင်စရာလေးတွေကို သယ်ဆောင်လာခဲ့ဘူးတဲ့ နေ့ တစ်နေ့ ။
ဝမ်းနည်းပူဆွေးမှု့ တွေကို သယ်ဆောင်လာခဲ့ဘူးတဲ့ နေ့ တစ်နေ့ ။
ဘယ်လို အရာတွေကများ ငါ့ရဲ့နှလုံးသားတစ်ခုလုံးကို ဆွဲလှုပ်ကိုင်ရမ်းခဲ့ပါလိမ့် မသိချင်ပေမဲ့ အသိတွေက နက်နက်နဲနဲကို တိုးဝင်နေခဲ့ပြီ....
ကျမဘ၀မှာလေး သိပ်ချစ်ခဲ့ဘူးတဲ့ ချစ်သူတစ်ယောက်ရှိခဲ့ဘူးတယ်....လူတိုင်း လူတိုင်းအချစ်ဆိုတဲ့အရာနဲ့  ပျော်ဝင်နစ်မြုပ်ဖူးသူဆိုတာမရှိသလောက်ရှားပါးခဲ့တာပဲလေ..အချစ်ဆိုတဲ့အရာက နှစ်သိမ့်ခြင်း ၊ ကြည်နှုးခြင်းတွေကို  ပြိုင်တူခံစားခဲ့ဘူးတာ ကျမတစ်ယောက်ပဲရှိခဲ့ဘူးမယ်ထင်တယ်.....ဘာလိုလဲဆိုတော့ တစ်ချိန်ထဲမှာ အပြုံးတွေကိုယ်ဆီတပ်ဆင်ပြီ ရယ်မောခဲ့ဘူးသလို တစ်ချိန်ထဲမှာပဲ ကျမမျက်ဝန်းမှမျက်ရည်တွေတစ်သွင်သွင်ကျခဲ့ဘူးတယ်....
အတ္တင်္ကြီးသူတစ်ယောက်ရဲ့ စိတ်ထဲမှာအချစ်ဆိုတာရှိခဲ့ရဲ့လားးးးးးးကျမပြန်သုံးသပ်ကြည့်မိခဲ့တာအကြိမ်ကြိမ်အခါခါဖြစ်နေခဲ့ပါပြီ.....ဒါပေမဲ့လည်းလေ နွေခေါင်ခေါင်မှာကြွလွင်ရမဲ့
သစ်ရွက်ကြွေက့ မိုးဥတုကိုမှန်းမျှော်ခဲ့ဘူးတဲ့ ရွက်နုသစ်နဲ့ တူနေပြန်တယ်......အဲဒါကို အချစ်လို့ ခေါ်တယ်ဆိုရင် ကျမအချစ်က မိုက်ရူးရဲဆန်ခဲ့တာပဲနော်.......

တစ်နေ့ မိုးတွေကလည်း တစ်ဖွဲ့ ဖွဲကျနေလေရဲ့  ချစ်သူနှစ်ဦးရဲ့ အတ္တလွန်ဆွဲပွဲကြီးကလည်း သည်းသည်းမည်းမည်းမိုးနဲ့ တူ အပြိုင်အဆိုင်ရယ်ပေါ့....ကို ....ကျမမှာရှင်းပြပိုင်ခွင့်တောင် မရှိတော့ဘူးလားးးအချစ်ဆိုတာ အကြောင်းပြချက်ပါလာရင် ဘယ်လိုအရာမှမတည်မြဲဘူးဆိုတာ မင်းနားလည်တယ်ဆိုရင်..ဒီလမ်းအတိုင်းမင်းပြန်သွားလိုက်ပါ..ခရေ.....ခရေ ဘယ်လိုပြန်နိုင်မှာလဲ ကိုရယ် ကျမကိုယ့်ကို ရှင်းပြခွင့်တော့ရှိရမှာပေါ့......တော်ပါကွာ အပေါ်ယံ စကားလုံးတွေနဲ့  သရေပေါ်အိပ်ပြီး သရေနားစားနေတဲ့ မင်းလို မိန်းကလေးအတွက် အချစ်ဆိုတာကို ပြောဖို့ မတန်ပါဘူးးးးးငါ့ရဲ့အချစ်တွေက မင်းလို မိန်းကလေးမျိုးကို ချစ်ခဲ့မိတာ မဟာအမှားကြီးပဲ သိလားးးးးပြောရက်လိုက်တာ ကိုရယ်......ခရေ ကအဲလိုလူစားမျိုးမဟုတ်ခဲ့ပါဘူးးးးးးကိုထင်သလို ကျမက အပေါ့စားမိန်းမ တစ်ယောက်မဟုတ်ခဲ့ရပါဘူး ....ကိုရယ်........

ခရေ...ဒီနေ့ အလုပ်ကတော့ အဆင်ပြေသလိုတော့ဖြစ်သွားပြီ မင်းလိုချင်တဲ့အတိုင်းအတာထိရတယ်ဆိုတော့ မင်းလည်းကျေနပ်မှာပါ..ကျေနပ်ပါတယ် ဦးမင်းခေါင်......တစ်ဝက်တပြတ်နဲ့ အသံတွေက ဝေးဝေး၀ါးဝါးရှိနေဆဲ...ပျော်နေကြတဲ့အသံတွေကနားထဲမှာ ဗလောင်ဆူစွာ သံရည်ပူနဲ့ လောင်းထည့်နေသလို ခံစားနေရပြီ.......ဘာတွေလည်း ..ခရေဆိုတဲ့ သိပ်ချစ်ခဲ့ဘူးတဲ့ မိန်းကလေးတစ်ယောက်က ယောက်င်္ကျား တစ်ယောက်ရှိတဲ့အိမ်မှာ ဘာကြောင့်ရောက်နေခဲ့ရတာလည်းးးဘာတွေကို ကျေနပ်ပျော်ဝင်နေကြတာလည်း အရှက်မရှိလိုက်တာနော်...စဉ်းစားရင်းတောင် စိတ်က နေလိုထိုင်လို့ မရဖြစ်နေပြီ.......အဲဒီနေ့ က ကိုကိုတစ်ယောက်  ဦးမင်းခေါင်း အိမ်ကို လာရသည့်ကိစ္စက ဖေဖေ ရဲ့ ပွဲရုံ ကိစ္စ နဲ့ ခိုင်းသည့်အတွက်ကြောင့်ထွက်လာရခြင်းဖြစ်ပါသည်.။ .......တောက်.....ဘာတွေလည်းကွာ....မင်းကချစ်ပါတယ်ကိုရယ် ...ကိုတစ်ယောက်တည်းကိုပဲချစ်ခဲ့ တာပါ.......အဲဒါလား အချစ် မင်းအချစ်တွေက မသန့်ရှင်းလိုက်တာ ရှက်စရာကောင်းလိုက်တာနော်....ပြေးထွက်သွားခဲ့မိပြီ......မကြားနိုင်ဘူးးးးမင်းတို့ ရဲ့အသံတွေကို.....ခရေဆိုတာ ငါ့ရဲ့ဘ၀ထဲမှာ အပြီးအပိုင်ထွက်သွားခဲ့ပြီ.....

မေမေ...ဒီမှာ ခရေဆေးဝယ်လာတယ်မေမေ.မေမေထသောက်လိုက်အုံးနော်....အင်းပါ သမီးရယ် ငါ့သမီးလေးလည်း ကျောင်းကတစ်ဖက်နဲ့ အလုပ်ကလည်းလုပ်ရသေးတယ် မေမေ သမီးတစ်ယောက် သနားဖို့ ကောင်းလိုက်တာ အော် မေမေရယ် ခရေက မေမေကို ဒီလိုမျိုးလုပ်ပေးနေရတာကိုက ကျေနပ်နေခဲ့ပါပြီမေမေ..ဒီနေ့ ဦးမင်းခေါင် ရောင်းလို့ မထွက်ဖြစ်နေတဲ့ မြေကွက်ကို သမီး အသိတစ်ယောက်နဲ့ ချိတ်ပေးလိုက်တာ တော်တော်ကို ရလိုက်တယ် ဒါကြောင့် သမီးကို မုန့် ဖိုးပေးလိုက်တယ် မေမေရဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကောင်းမွန်မွန်အလုပ်နဲ့ မေမေကိုလုပ်ကျွေးနေရကိုက သမီးဝမ်းသာနေပြီ မေမေ မေမေ.....စိတ်မကောင်းမဖြစ်ရဘူးနော်....မေမေကျမ်းမာမှသမီး ဒီလို အလုပ်လုပ်ရင် ကျောင်းတက်နေရတာကလွတ်မှာလေ မေမေမြန်မြန်နေကောင်းရမယ်နော်.......နောက်ကို အဲလို မပြောရဘူးနော်.....သားအမိနှစ်ယောက်ရဲ့ မျက်ဝန်းထဲမှာ အပြုံးကိုယ်စီနှစ်မြူပ်စီးဝင်နေခဲ့ ပြီလေ။။

ကိုကို မင်းကမဟုတ်သေးပါဘူးကွာ.....အသံကြားရုံနဲ့ မင်းရဲ့ခရေကဖောက်ပြန်နေတယ်ဆိုတာက အခုခာတ်နဲ့ တွက်ရင် ရယ်စရာကောင်းနေပြီ...တော်ပါကွာ သူတို့ ပျော်နေတဲ့ အသံငါ့ နားနဲ့ ကြားခဲ့ရတာလေ....သစ္စာမရှိတာ မိန်းမတွေရဲ့ အလုပ်တစ်ခုထင်ပါရဲ့ကွာ ငါ့မှာတော့ချစ်လိုက်ရတာ တန်ဖိုးထားလိုက်ရတာ......ဟာ.....လောကကြီးကမတရားလိုက်တာ..အဲလိုတော့မပြောနဲ့ ကွာ လောကကြီးကတရားတယ် လူတွေကမတရားတာ သိလား ဖြစ်နေတဲ့ အရာပေါ်မှာ အမှန်အတိုင်းလက်မခံနိုင်ကြတာ......ဒါကြောင့်လည်း ရတာမလို လိုတာမရဖြစ်နေတာပေါ့ အဲဒီစကားက မင်းအတွက် ပိုပြီးတော့မှန်လိမ့်မယ် ဘာလို့ လဲဆိုတော့မင်းဆိုတဲ့ လူက အတ္တကိုပဲရှေ့ တန်းတင်နေခဲ့တာလေ မင်းက အမြဲမှန်ပြီးးးးးးခရေ ကတော့အမြဲမှားနေခဲ့တော့ပေါ့.......အချစ်မှာ အတ္တတွေ ၊ မာန တွေပါလာရင် ဘယ်တော့မှ ခရီးမဆုံးတော့ဘူးးးးးးးကိုကို.....မင်းတို့ အစားရင်လေးပါတယ်ကွာ....သံသယ..သံသယ တော်တော်ကိုကြောက်ဖို့ ကောင်းပါတယ်ကွာ...

အဖြစ်အပျက်ရဲ့ အစအဆုံးမှာ ရှင်းပြခွင့်မရလိုက်တဲ့ ကျမရဲ့ ဘ၀က အချစ်ကသတ်လို့ သေခဲ့ရပြီ.....စကားလုံးတွေရဲ့ သတ်ခြင်းကိုလည်းခံခဲ့ရပြီ ........မှားပါတယ်လို့ လည်း ပြောခွင့်မရှိ မှန်ပါတယ်ဆိုလည်း ၀န်ခံခွင့်မရှိပဲ ကျမချစ်သူရဲ့ စွန့် ပစ်ခြင်းကို ခံခဲ့ရပြီ......အခုတော့လည်းလေ နောင်တဆိုတာ ကျမအတွက် မဟုတ်ဘူးထင်တယ် အချစ်ကပေးတဲ့ သင်ခန်းစာလို့ ပြောရမယ် .......အတ္တကြီးပဲ အမြဲတမ်း စိုးမိုးထားချင်တဲ့ ကျမရဲ့ ချစ်သူလက်ထဲကနေ လွတ်လပ်ခွင့်ရခဲ့ပြီ....
ကျမနေပျော်တာမဟုတ်ပေမဲ့ နေသားကျနေခဲ့ပြီကွယ်........အမှန်တော့ ပန်းခရေဆိုတာ မြေခပေမဲ့ ရနံသင်းတဲ့ ပန်းတစ်ပွင့်ဖြစ်ခဲ့မှန်း ကို တစ်ယောက်မသိနိုင်ခဲ့လေတော့ ကျမသိအောင် နေမပေးတော့ပါဘူးးးးးးကိုရယ်........အချစ်မှာ အတ္တကင်းကင်းနဲ့ ချစ်နိုင်ဖို့ ကို ပဲ ကျမမျှော်လင့်နေခဲ့မိပါပြီ...................
ဒီတော့ သူငယ်ချင်းတို့ ရေ.......ဟန်နီရဲ့ စာတွေလည်းတော်တော်ကိုဖတ်ရလို့ အိပ်ငိုက်နေပြီထင်တယ်း) ဒီတော့ ဟန်နီကို တစ်ချက်လောက်ကူညီပါနော်း)
 (၁) အချစ်မှာ အတ္တဆိုတာ ပါသင့်ရဲ့လားးးအချစ်ဆိုတာ အတ္တရဲ့ ဇာတ်မြစ်တစ်ခုလို့ ပြောရင် ကောလက်ခံနိုင်ပါမလား။
(၂) အချစ်ဆိုတာကို ကော ဘယ်လိုခံယူထားကြပါသလဲ။
(၃) အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းသက်သက်ပဲလား။
ချစ်တတ်သူများပြုံးပျော်နိုင်ပါစေ
မေဟန်နီ......
အချစ်ကို အတ္တကင်းကင်းနဲ့ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်းဖြင့်

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates