Sunday, July 21, 2013

အချစ်၏ လှည့်စားခြင်း

ရင်နင့်အောင်လည်း မပြောပါနဲ့ 
ကြွေလွင့်အောင်လည်း မလုပ်ပါနဲ့ 
အနားနားကပ်ပြီး တိုးတိုးလေးပြောတာက
နာကျည်းစရာတွေပါလားကွယ်..........

တစ်ခြမ်းပဲ့နေတဲ့ ငါ့ရဲ့လမင်းရေ..
အမှတ်တမဲ့ နင့်ရဲ့လုပ်ရပ်က
တစ်သက်စာ အတွက်တော့
အမှတ်တရ တွေဖြစ်နေပြီ........
အချစ်ရဲ့အမည်နာမတွေက
သစ္စာတရားရဲ့ နားခိုရာပါ....
နားလည်မှု့ အထင်ကရ မြို့ တစ်မြို့ ကတော့
နင်လို လူ အတွက် ဟားတိုက်စရာ အညတရ တစ်ခုဖြစ်လို့ ရယ်ပေါ့.........
နားလိုက်ပါတော့ အချစ်တွေမပါတဲ့ ဒီကန္တာရမှာ
နင့်မပါမှ ပိုစိုပြည်အုံးမယ်......ချစ်သူ........
ထားလိုက်ပါတော့ အမှတ်မရှိတဲ့ ငါ့နှလုံးသားက
ခလုတ် ထိမှ အမိတတာ အကျင့်ပါနေလို့ ပါ.....
ချစ်တတ်သူများပြုံးပျော်နိုင်ပါစေ
ကဗျာချစ်သူများကိုထာဝရလေးစားလျက်ပါ
မေဟန်နီ...


0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates