Thursday, July 25, 2013

♥♥ချစ်သူရဲ့ စာမျက်နှာနှင့်နိုးထခဲ့သောဆည်းဆာအလှ♥♥

♥♥ချစ်သူရဲ့ စာမျက်နှာနှင့်နိုးထခဲ့သောဆည်းဆာအလှ♥♥



မျက်တောင်လေးတစ်ချက်အဖွင့်
အမြင်အာရုံမှာစွဲထင်လို့ ပေါ့
နိုးထစရာမလိုအောင်
ချစ်စရာကောင်းသော စကားသံတစ်ချို့ က
ငါရင်ထဲနက်နက်ရှိုင်းရှိုင်းတိုးဝင်လို့ ရယ်။

သူချစ်ခဲ့ဘူးတဲ့ ကဗျာလေးတွေကို
ကျမက ယုယုယယ သိမ်းဆည်း
ပင့်သက်တစ်ချက်ဝေ့တိုင်း
အနားနားကပ်လာသလား
ထင်ရောင်ထင်မှားအတွေးနဲ့ အတူ
စိတ်ကူးနဲ့ ရှုးသွတ်သူတစ်ယောက်အဖြစ်နဲ့ ပေါ့။

ဆည်းဆာညနေတိုင်း
သောက်ခဲ့ဘူးတဲ့ ကော်ဖီတစ်ခွက်
အာရုံတွေထွေပြား ခုံတန်းလျားလေးတောင်
အားနာနေခဲ့မိတယ်။ (တစ်ချိန်တုန်းကပေါ့)

ရယ်သံတစ်ချို့ ကိုအဖော်ပြုလို့ 
မျှဝေခံစားပေးတဲ့ နှလုံးသားတစ်စုံကို
တမ်းတမ်းတတ မျှော်လင့်နေခဲ့မိတယ်
ရှူးသွတ်တယ်ဆိုပါစေ.
ကျမရဲ့ နေ့ သစ်တိုင်းရှင့်စာမျက်နှာနဲ့ နိုးထချင်တယ်။

ဟုတ်တယ်..ကျမက
အဓိက မကျတဲ့ သာမည ကြားထဲမှာ
နေသားကျနေတဲ့ အညတရတစ်ယောက်ပါ
ပုံစံတူ တစ်သားတည်းထုထားတဲ့
မိန်းမသားတစ်ယောက်..ပေါ့

စည်းတစ်ခုကို ပေနဲ့ တားလို့ 
မှတ်တိုင်တွေကျော်နေခဲ့တာပါ.
ဒါကြောင့်လည်း
အချစ်မျက်ဝန်းမှာ မိုးတော့ဘယ်တော့ရွာလိမ့်မည်မဟုတ်တော့ပါ။
....
ရာသီတွေကြွေဖို့ များ
နှလုံးသွေးတွေစတေးရမယ်ဆို
ဆန္ဒကိုထုတ်ဖော်လို့ .
ဆည်းဆာချိန်တိုင်း ချစ်သူစာမျက်နှာနဲ့ နိုးထပါရစေ။


♥♥ကဗျာရိပ်♥♥
July,22,2013

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates