♥♥မိုးခါးရည်♥♥
အမှန်တော့လေ ကျမနှလုံးသားက
ခောတ်အဆက်ဆက်သုံးလာတဲ့
တော်ဝင် ပန်းချီကားတစ်ချပ်
မဟုတ်ခဲ့ဘူးရှင့်။
ဆယ့်နှစ်ရာသီပတ်လုံး
အတွေးကမ္ဘာထဲမှာ
ပျော်စရာတွေကနတ္တိဗလာ
ဟာသတွေ ငိုပွဲဆင်လို့ ပေါ့။
ကျိန်စာသင့်သူတစ်ယောက်ရဲ့
အမုန်းမာနထဲမှာ..
လွမ်းချင်းတစ်ပုဒ်ကိုထည့်လို့ 
အသေအကြေ ဘ၀ပျက်ခဲ့ဘူးတယ်။
မင်းမသိနိုင်တဲ့ ကမ္ဘာတစ်ဖက်ခြမ်းမှာ
အလင်းမဲ့ မီးအိမ်တစ်လုံးနဲ့ အတူ
အချစ်တွေကို မျက်ကွယ်ပြုခဲ့ရတယ်.(ဒါကလည်း)
အိမ်မက်တွေက ရှင်သန်ခြင်းဆိုတာကို
ဘောင်ခတ်ခဲ့လို့ ပေါ့.....
တစိမ့်စိမ့်ရွာသောမိုးနဲ့ အတူ
ငါနှလုံးသားတွေလည်း ဥပက္ခာဆန်ခဲ့တယ်
တစ်နေ့ မှာပေါ့..အငြိုးကြီးတဲ့မိုးကြောင့်
ကျလာတဲ့မိုးတစ်စက်ကို
တစ်ရှိုက်မက်မက်တွယ်ယှက်
မိုးခါးရည်ဖြစ်နေပါစေ
ကမ္ဘာတည်သရွေ့  သောက်သုံးနေရအုံးမယ်ချစ်သူ။
♥♥ကဗျာရိပ်♥♥
July,21,2013

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment